(ဆ)-မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံး ကိုမြေနေရာသီးခြားသတ်မှတ်၍ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ဦးအုန်းငွေ (မြောင်) မြောင်မြို့၏ ဌာနဆိုင်ရာများသည် ကိုယ်ပိုင်ခြံဝင်းမရှိခြင်းကြောင့် ကုန်သွယ် လယ်ယာဝင်းကြီးကို မိမိတို့မြို့ရှိရုံးများအတွက် အသုံးပြုခွင့်ပေးပါရန် တင်သည့်အခါတွင် သက်ဆိုင်ရာ ဝန်ကြီးက အသုံးပြုခွင့် ခွင့်ပြုပေးခြင်းကြောင့် မြေနေရာမရှိသော ရုံး ၅ ရုံးနှင့် လူမှုရေးအဖွဲ့အစည်းများကို သတ်မှတ်ခွဲဝေပေးခဲ့ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ခဲ့ရာတွင်လည်း ၂၀၁၃ ခုနှစ် ဧပြီလခန့်က ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ယခုအချိန်ထိ  စီးပွားရေးဘဏ်တစ်ခုသာလျှင် မြေနေရာတွင် တည်ဆောက်နိုင်သည်ဖြစ်ကာ ကျန်ရုံးများအနေဖြင့် တည်ဆောက်နိုင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် မြောင်မြို့နယ်တွင် ဖွင့်လှစ်ခဲ့သော ကျေးလက်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာနရုံးကို သတ်မှတ်ပေးထားသော မြေနေရာ မည်သည့်အချိန်တွင် မည်သည့် အစီအစဉ်ဖြင့် ရုံးနေရာဆောက်လုပ်ပေးမည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။