(ခ)-တနင်္သာရီမြို့နယ်ရှိတနင်္သာရီအောက်ကင်းရေ လမ်းဖြတ်တံတားအားပြန်လည်မွမ်းမံပြင်ဆင်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ၁၀၃၆၀ x ၁၀ x ၁၀ ခွဲပေရှိ အပေါ်ထည်ဘေလီ အောက်ထည်သံကူကွန်ကရစ် တံတားကို ၁၉၉၉-၂၀၀၀ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပါကြောင်း၊ ခွင့်ပြုအလေးချိန် မော်တော်ယာဉ် HS-20-44၊ ၃၆ တန်၏ တစ်စီးခြင်းခွင့်ပြုတန် ၂၃ တန်သွား လာနိုင်ခဲ့သော်လည်း ယခုအချိန်တွင် တံတားသည် ကျိုးအက်ပျက်စီးနေခြင်း၊ ယာဉ်အကြီးများ မတန်တဆ ဖြတ်သန်းသွားလာနေခြင်း၊ ပေါက်ပြဲနေသည့်နေရာများကို ဖာထေးပြုပြင် ခြင်းများ မရှိခြင်း၊ ခရီးသွားပြည်သူများအတွက် အလွန်တရာအန္တရာယ်ကြီးမားလှသည့် တစ်ခု တည်းသော ရေလမ်းဖြတ်တံတားဖြစ်ခြင်းတို့ကြောင့် ဒေသခံများမှ အဆိုပါတံတားကို မော်တော်ကားများဖြင့် ဖြတ်သန်းသွားလာနေထိုင်ရန် အမြဲတမ်းစိုးရိမ်ကြောက်ကြနေရပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ အဆိုပါတနင်္သာရီတံတားအား ပြန်လည်ပြင်ဆင်မွမ်းမံပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ပြုပြင်ပေးပါမည်နှင့် အစီအစဉ်မရှိပါက မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။