(က)-မော်တော်ယာဉ်များမှတ်ပုံတင်ရာတွင်ယာဉ်အ မှတ်များကိုအင်္ဂလိပ်နံပါတ်များပြောင်းလဲတပ်ဆင်ပေး ရခြင်းနှင့်နံပါတ်ပြား၏အရောင်အင်္ဂလိပ်အက္ခရာများ အဓိပ္ပါယ်နှင့်ရည်ရွယ်ချက်များကိုသိလိုခြင်း နှင့်စပ် လျဉ်းသည့် မေးခွန်း
2020-12-21
မိမိအနေဖြင့် အများပြည်သူများ သိရှိလိုသော မော်တော်ယာဉ် မှတ်ပုံတင်ခြင်းနှင့် ယာဉ်အမှတ်များနှင့် စပ်လျဉ်းသည့်မေးခွန်းကိုမေးမြန်းလိုပါကြောင်း၊ (၁) မော်တော်ယာဉ်များ မှတ်ပုံတင်ရာတွင် ယာဉ် အမှတ်များကို အင်္ဂလိပ်နံပါတ်များ ပြောင်းလဲတပ်ဆင်ပေး လျက်ရှိရာတွင် မည်သည့်အတွက် ထိုသို့ ပြောင်းလဲ တပ်ဆင်ပေးရသည်ကိုသိရှိလိုပါကြောင်း၊ (၂) မော်တော်ယာဉ် နံပါတ်ပြားများတွင် တပ်ဆင်ထားတပ်ဆင်ရာတွင် နံပါတ်ပြားအရောင်များ၊ ရေးသားထားသည့် အင်္ဂလိပ်အက္ခရာများ၏ အဓိပ္ပါယ်နှင့် ရည်ရွယ်ချက်ကို သိရှိလိုပါကြောင်း၊ (၃) ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန ကနေ ထုတ်ပေးထားသည့် နံပါတ်ပြားများမဟုတ်ဘဲ တခြားနံပါတ်ပြားများ တပ်ဆင်သွားလာလျက် ရှိသည့်အတွက် အဆိုပါယာဉ်များနှင့် စပ်လျဉ်း၍ မည်ကဲ့သို့ အရေးယူဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။