(ည)-မဟာဘွဲ့ရအရည်အချင်းပြည့်မီသောအချို့ အရာရှိ စစ်သည်များကို နိုင်ငံ့ဝန်ထမ်းများကဲ့သို့ ဘွဲ့လွန်ဒီဂရီ သင်တန်းများတက်ရောက် သင်ယူခွင့်ပြုရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ဝေးလံခေါင်သီသော သွားလာမှုခက်ခဲသည့် နေရာဒေသ အသီးသီးတို့တွင် နိုင်ငံ တာဝန်များကို ထမ်းဆောင်လျက်ရှိသော အခြေစိုက်တပ်မတော်၊ တပ်ရင်းများရှိ တပ်မတော်သားများ သည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ အခြားနိုင်ငံ့ ဝန်ထမ်းနည်းတူ ယင်းဒေသအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများကဲ့သို့ အပိုလစာ၊ ငွေကြေးခံစားခွင့်မရရှိသည့်အတွက် ယခင် ကဒေသများ တွင် ထမ်းဆောင်ကြသော တပ်မတော်သားများအတွက်ပေးသော အပိုရိက္ခာများကဲ့သို့ ယခုထောက်ပံ့ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း၊ တပ် မတော်သား များ၏ ဥပဓိရုပ် ပိုမို ကောင်းမွန်စေရန် အဆင်မြင့်စစ်ဝတ် တန်ဆာများ ကို ထုတ်ပေးနိုင်ခြင်းရှိ/မရှိနှင့် တပ်မတော်သားများထဲမှ အရာရှိ စစ်သည်အချို့ သည် ပညာရေးမြင့်မားပြီး မဟာဘွဲ့ အတွက် အရည်အချင်းပြည့်မီသူများရှိရာ ဘွဲ့လွန်ဒီဂရီများကို တက်ရောက်သင်ယူ ခွင့်ပြုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်မှု ရှိ/မရှိ သိရှိလို မေးမြန်းပါသည်။