(ဆ)-ဝိုင်းမော်မြို့နှင့် ချီဖွေမြို့နယ် ဆက်သွယ်ရေး ကားလမ်းပေါ်ရှိ ရှငေါ် အထက်နား ချောင်းကူး တံတားအား ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ဦးယိန်းဘောမ့် (ဝိုင်းမော်) ဝိုင်းမော်မြို့နယ်နှင့် ချီဖွေ-ဆော်‌့လော် နှစ်မြို့နယ် ဆက်သွယ်ထားသည့် ကားလမ်းမပေါ်တွင် တည်ဆောက်ထားသော မိုင်တိုင် ၅၂၊ ၅၃ ကြားရှိ ပေအရှည် ၃၀၀၊ ရှငေါ်ချောင်းကူးတံတားကြီးသည် ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် ကေအိုင်အေ အဖွဲ့အစည်းများ၏ မိုင်းခွဲဖျက်စီးခံရခြင်းကြောင့် ခရီးသွားပြည်သူများ၊ နိုင်ငံံံ့ ဝန်ထမ်းများ၊ တပ်မတော် စစ်ကြောင်းများ သွားလာလှုပ်ရှားရာတွင် လွန်စွာခက်ခဲမှုများဖြင့် ကြုံတွေ့နေရပါကြောင်း၊ ထို့အတွက်ကြောင့် အဆိုပါ တံတားကြီးကို ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများမှ ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်၊ အစီအစဉ်ရှိပါက မည်သည့်အချိန် ကာလတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ကို သိရှိ လိုပါကြောင်းမေးမြန်း ပါသည်။