(ဂ)-ဘားအံမြို့၏ မြစ်ကမ်းနားတစ်လျှောက် သာယာလှပရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-21

[ဒေါ်နန်းစေအွာ၊ ဘားအံမဲဆန္ဒနယ်ကိုယ်စား ဒေါ်ဇာတလဲမ်း၊ ထန်ထလန်မဲဆန္ဒနယ်ကတပ်မတော်အစိုးရလက်ထက်တွင် ဘားအံမြို့ ကမ်းနားတစ်လျှောက်၌ရှိသော လူနေအိမ်များကို ဖယ်ရှားပေးရာ၌ အမှတ်(၃)ရပ်ကွက်တွင် အိမ်များသာမက ဆန်စက်များပါ ဖျက်သိမ်းခဲ့ရပါကြောင်း၊ ဖျက်သိမ်းရသော ရည်ရွယ်ချက် မှာ ကမ်းနားတစ်လျှောက် သာယာလှပရေးအတွက် ဖြစ်သော်လည်း ယနေ့ထက်တိုင် မည်သည့် စီမံကိန်းမျှ အကောင်အထည်ဖော်ခြင်း မရှိဘဲ သဲ၊ ကျောက် ရောင်း ဝယ်ရေး စီးပွားရေးလုပ်ငန်းရှင်များသာ မြစ်ကမ်း တစ်လျှောက် ၌ စုပုံ ရောင်းဝယ်နေကြ ပါသည်။ ထို့သို့ သဲ၊ ကျောက်များ စုပုံရောင်းဝယ်မည့်အစား ဘားအံမြို့ကို မော်လမြိုင်မြို့ကဲ့သို့ သာယာလှပအောင် ဆောင်ရွက်စေ လိုသည့်အတွက် မြစ်ကမ်းပါးတစ်လျှောက် သာယာလှပရေး ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။

[ဒေါ်နန်းစေအွာ၊ ဘားအံမဲဆန္ဒနယ်ကိုယ်စား ဒေါ်ဇာတလဲမ်း၊ ထန်ထလန်မဲဆန္ဒနယ်က မေးမြန်းပါသည်။]