(ခ)-ကရင်ပြည်နယ်၊ဖာပွန်မြို့၊မြို့နယ်လျှပ်စစ်ဓာတ် အားလုပ်ငန်းသို့ကြံ့ခိုင်ပြီးပြုပြင်ထိန်းသိမ်းရန်လွယ် ကူသော အရန်မီးစက် တစ်လုံးဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-21
မိမိတို့ ဖာပွန်မြို့တွင် တစ်ည လေးနာရီ မီးပေးသည့် ဒီဇယ်အင်ဂျင်မီးစက်သည် မကြာခဏ ချို့ယွင်းနေသောကြောင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ မြို့နယ်လျှပ်စစ်ဓာတ်အားလုပ်ငန်းသို့ ကြံ့ခိုင်ပြီး ပြုပြင်ထိန်းသိမ်းရန် လွယ်ကူသော အရန်မီးစက်တစ်လုံးဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းအား ပြန်လည်ဖြေ ကြားပေးရန် တင်ပြမေးမြန်းခဲ့ပါကြောင်း။
သို့သော် ပြီးခဲ့သည့် တနင်္ဂနွေနေ့ ညနေပိုင်းတွင် ၄၀၀ ကေဗွီအေ ပါကင်အမျိုးအစား အင်ဂျင်စက်အသစ်တစ်လုံး ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း သိရှိခဲ့သည့်အတွက် မိမိ မေးခွန်းကို ပြန်လည်ရုပ်သိမ်းပါကြောင်း တင်ပြခဲ့ပါသည်။