(င)-မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ (၂၅) ခုတင် ဆံ့ဆေးရုံတွင်ဆရာဝန်တစ်ဦး၊အရေးကြီးဝန်ထမ်း များနှင့်ကျေးလက်ဆေးပေးခန်းအဆောက်အဦ (၁)လုံးခွင့်ပြုဆောက်လုပ်ပေးရန်နှင့် စပ်လျဉ်း သည့် မေးခွန်း

2020-12-21

ဦးစိုင်းကျော်မြင့် ( မိုးနဲ မဲဆန္ဒနယ်)ရှမ်းပြည်နယ်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့သည် ရပ်ကွက် ၇ ရပ်ကွက်၊ ကျေးရွာ အုပ်စု ၃ အုပ်စု၊ ကျေးရွာ ၁၀ ရွာနဲ့ လူဦးရေ ၈၅၇၉ ဦးရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ၂၅ ခုတင်ဆံ့ဆေးရုံရှိပြီး ခွင့်ပြုအင်အား ၄၂ ဦးနှင့် ၁၇ ဦးခန့်ထားပြီး လစ်လပ်ဝန်ထမ်း ၂၅ ဦးရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန ခွင့်ပြုအင်အား ၁၂ ဦးအနက် ၅ ဦးခန့်ထားပြီး ဖြစ်သော်လည်း ကျေးလက်ကျန်းမာရေး ဆေးပေးခန်း အဆောက်အဦ မရှိသေးကြောင်း တွေ့ရှိရပါသည်။ ၂-၃-၂၀၁၅ ရက်နေ့ ကျိုင်းတောင်းကို ရောက်ရှိစဉ်အချိန်က ကျိုင်းတောင်းမြို့ ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံတွင် လစ်လပ်လျက်ရှိသည့် ဆရာဝန်နှင့် အရေးကြီးဝန်ထမ်းများကို ခန့်ထားပေးနိုင်မည့် အခြေအနေနှင့် ကျိုင်းတောင်းမြို့၊ ကျေးရွာအုပ်စုများတွင် ကျေးလက်ကျန်းမာရေးဆေးပေးခန်း အဆောက်အဦ ဆောက်လုပ်ပေးနိုင်မည့် အခြေအနေနှင့်အစီအစဉ်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။