(စ)-ရေစကြိုမြို့နယ်ရှိကျေးလက်ဒေသတို့တွင်တာ ဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေး ဝန်ထမ်း အပြောင်းအရွှေ့များအတွက်လစ်လပ်နေရာကိုအ စားထိုးခန့်ထားပေးရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
မိမိတို့ ရေစကြိုမြို့နယ်တွင် တိုက်နယ်ဆေးရုံ ၄ ခုနှင့် ဆေးပေးခန်း ဌာနများရှိပြီး ယင်းဌာနများ၊ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်အပြောင်းအလဲဖြစ်သည့်အခါတွင်လည်းကောင်း၊ ဆေးပေးခန်းဌာနများတွင် ဆရာမအပြောင်းအလဲဖြစ်သည့်အခါတွင်လည်းကောင်း အစားထိုးခန့်ထားမှုများ များစွာနောက်ကျနေ သည်ကို တွေ့ရှိရပါကြောင်း၊ ကြက်ဆူကျင်း တိုက်နယ်ဆေးရုံတွင် ၂၀၁၃ ခုနှစ်နောက်ပိုင်းမှ တာဝန်အပြောင်းအရွှေ့ ကျသွားပြီးသည့်နောက် ၂၀၁၄ ခုနှစ်တစ်နှစ်လုံး ဆရာဝန်မရောက်ရှိလာပါကြောင်း၊ ဒေသခံများကလည်း ကျန်းမာရေးအခက်အခဲကြောင့် ကြိမ်ဖန်များစွာ လာရောက်အကူအညီတောင်းသည့်အတွက် မြို့နယ် ဆရာဝန်ကြီးနှင့် ညှိနှိုင်းဆောင်ရွက်သော်လည်း ယနေ့ထိ ခန့်ထားပေးခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် ရေစကြိုမြို့နယ်ရှိ ကျေးလက်ဒေသတို့တွင် တာဝန်ထမ်းဆောင်နေကြသော ဆရာဝန်၊ ဆရာမများ တာဝန်အပြောင်းအရွှေ့ပြုပြီး ထိုလစ်လပ်နေရာအသီးသီးတွင် တာဝန်ကျသူများ မရနိုင်ဘဲ ကာလကြာမြင့်စွာ ကြုံတွေ့နေကြရသည်မှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်နှင့် ကျန်းမာရေးဝန်ထမ်း အပြောင်းအရွှေ့များ အတွက် မြန်ဆန်စွာ ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။