(ခ)-ရခိုင်ပြည်နယ်၏ မြို့နယ်များရှိ သင့်လျော်သော နေရာများတွင် မုန်တိုင်းဒဏ်ခံ Cyclone Shelter များ တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
2020-12-21
မိမိတို့ ရခိုင်ပြည်နယ်သည် မြန်မာတစ်နိုင်ငံလုံးတွင် နှစ်စဉ်မုန်တိုင်းဒဏ် ခံရသောပြည်နယ်ဖြစ်ပြီး ထိုကဲ့သို့ နှစ်စဉ်မုန်တိုင်းဒဏ်ခံရသော ရခိုင်ပြည်နယ်၏ ဒေသခံ ပြည်သူများအနေဖြင့် မုန်တိုင်းတိုက်ခတ်ပါက ပြေးလွှားရှောင်တိမ်းရန် အခက်အခဲများဖြင့် ကြုံတွေ့နေကြရသည့်အပြင် ရခိုင်ပြည်နယ်တွင် တောင်ကုန်းမရှိသော ဒေသများလည်း ရှိသည့်အတွက် သင့်လျော်သောနေရာများတွင် မုန်တိုင်းဒဏ်ကို ခံနိုင်ပြီး ပြည်သူများနားခိုနိုင်သော Cyclone Shelter များ ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုကြောင်း မေးမြန်းပါသည်။