(ဇ)-စီးပွားရေးကုမ္ပဏီများမှ ဆုမဲများကို ကြော်ငြာ ထားသည့်အတိုင်း ထည့်သွင်းပေးထားခြင်း ရှိ/မရှိ နှင့် ၎င်းဆုမဲများပေးခြင်းအပေါ် နိုင်ငံတော် အခွန် စည်းကြပ်ရေး ကဏ္ဍတွင် ထည့်သွင်း တွက်ချက်ခြင်းရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ဦးစိုင်းလှကျော် (လင်းခေး) စီးပွားရေးကုမ္ပဏီများမှ စားသုံးသူများကို ကံစမ်းမဲများ၊ ဆုမဲများဖြင့် စွဲဆောင်၍ မိမိတို့ကုန်ပစ္စည်းများကို တွယ်ကျယ်စွာရောင်းချနိုင်ရန် ကြော်ငြာ စည်းရုံးရောင်းချနေကြရာ ယင်း ကံစမ်းမဲဆုများကို ကြေညာထားသည့် အတိုင်း အမှန်တကယ် ထည့်သွင်းပေးထားရှိ ရှိ/မရှိ ကို သိရှိရန် သက်ဆိုင်ရာမှ တရားဝင်ကြီးကြပ်ရေးအဖွဲ့ ထားရှိပါသလား နှင့် ကြော်ငြာထားသည့်အတိုင်း အမှန်တကယ် ထည့်သွင်းပေးပါကလည်း ထိုသို့ပြုလုပ်ခြင်းသည် အကျိုး အမြတ်အပေါ်မှ ခွဲဝေပေးသည်ဟု ယူဆရမည်ဖြစ်သောကြောင့်  ယင်းဆုမဲများပေးခြင်း အပေါ် နိုင်ငံတော် အခွန်စည်းကြပ်ရေးကဏ္ဍတွင် မည်ကဲ့သို့ ထည့်သွင်းတွက်ချက်ထားပါသနည်းကို သိရှိလိုကြောင်းမေးမြန်းပါသည်။