(ည)-ရခိုင်ပြည်နယ်ရှိမြို့များတွင်တာဝါတိုင်အသေးစား၊ အလတ်စားများကိုသင့်တော်ရာတောင်ပေါ်၊ တောင် ကုန်းများတွင် ထပ်မံ စိုက်ထူပေးရန် အစီအစဉ်ရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်အများစုတွင် မိုဘိုင်းဖုန်းများ ဝယ်ယူသုံးစွဲကြသော်လည်း တာဝါတိုင် နည်းပါးနေသည့် အတွက် ဆက် သွယ် ပြောဆိုရာတွင် အခက်အခဲများ ကြုံတွေ့နေရပါကြောင်း၊ မာန်အောင် မြို့နယ်ရှိ ပြည်သူလူထုသည် သီးခြားကျွန်း ကလေးပေါ်၌ နေ ထိုင်ကြပြီး တယ်လီဖုန်း ဆက်သွယ်မှုကိုသာ အားကိုး အားထားပြုနေကြရပါကြောင်း၊ သို့ရာတွင် မြို့ပေါ်၌ ယခု ပြုလုပ်ပေးထားသော တာဝါတိုင်သည်ယခင်ကပင် စက်တစ်ခုချန်၍ တပ်ဆင်သွားသည့် အတွက်ကြောင့် နှစ်မိုင်၊ သုံးမိုင် ကျော်လွန်ပါ က အဆက်အသွယ် မရဖြစ်နေပါကြောင်း၊ သို့ပါ၍ ရခိုင်ပြည်နယ်ရှိမြို့များတွင် တာဝါတိုင် အမြင့်ဆုံးတိုင် တစ်တိုင်အပြင် တာဝါတိုင်အသေးစားနှင့် အလတ်စား များကို သင့်တော်ရာတောင်ပေါ် တောင်ကုန်း ဒေသများတွင် တစ်မြို့နယ်လျှင် အနည်းဆုံး ၃ တိုင်စီ ထပ်မံ၍ စိုက်ထူပေးနိုင်ရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ် ရှိပါက မည်သည့်အချိန်တွင် တပ်ဆင်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။