(က)လားရှိုး-မူဆယ်လမ်း၊အပိုင်း နမ့်မျှော်ချောင်းကူး အေတီ တံတားအား ရေကျော် တံတားအသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ၂၀၁၃ ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလအကြားတွင် လားရှိုး-မူဆယ်လမ်းပိုင်း၊ နမ့်မျှော်ချောင်းကူး အေတီ တံတားအနီး ရေကြီးရေလျှံမှု ၄ ကြိမ်ဖြစ်ပွားပါသည်။ ထိုသို့ဖြစ်ပွားရခြင်းမှာ မိုးများ၍ တောင်ကျရေ များပြားခြင်း၊ ရေစီးဆင်းမှုလမ်းကြောင်း ကျဉ်းမြောင်းခြင်း၊ ကားလမ်းနိမ့်ခြင်းများကြောင့်ဟု ပြည်သူများက သုံးသပ် နေကြပါသည်။ အေတီ တံတား ချောင်းရေကြီး၊ ရေလျှံမှုကြောင့် မန္တလေး-မူဆယ်၊ မန္တလေး -လောက်ကိုင်သို့ ပြေးဆွဲနေလျက်ရှိသော ခရီးသည်ကားများနှင့် ကုန်တင်ကားများ သွားလာမရဘဲ လမ်းပိတ်ခြင်း၊ ရန်ကုန်-မန္တလေး- လားရှိုးမှ မူဆယ်-လားရှိုး-လောက်ကိုင် မြန်မာနိုင်ငံနယ်စပ်သို့ သွားလာနေကြသော ခရီးသွားများနှင့် မူဆယ်-နမ့်ခမ်း- လောက်ကိုင်ဘက်မှ လားရှိုး-မန္တလေး-လောက်ကိုင်ဘက်သို့ သွားလာနေကြသော ခရီးသည်များ အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ ကုန်စည် စီးဆင်းမှုကိုလည်း နှောင့်နှေးကြန့်ကြာ ပြီး နိုင်ငံတော်၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း ထိခိုက်သည်ကို ကြုံတွေ့နေ ရပါကြောင်း၊ အေတီတံတား ချောင်းေ ရကြီး၊ ရေလျှံမှုကာ လတွင် ဒေသဆိုင်ရာဌာနများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့သူမြို့သား များနှင့် ကျေးရွာ/ ရပ်ကွက်များသည် စက်လှေနှစ်စီး၊ အသက် ကယ်မော်တော်ယာဉ်နှစ်စီး၊ အသက်ဖော့အင်္ကျီများကို ခရီးသွားပြည်သူ များအား ဝတ်ဆင်စေပြီး တင်ပို့ကူညီခဲ့ရပါကြောင်း၊ ခရီးသည် များ၊ ကားကြီးများနှင့် ကားငယ်များကို လိုရာခရီးသွား လာရေးအတွက် မီးသတ်တပ်ဖွဲ့မှ မီးသတ် ယာဉ်များကို ကြိုးဖြင့်ဆွဲချည်၍ ဖြတ်သန်းသွား လာရသည် အထိ ဖြစ်ခဲ့ရပါကြောင်း၊ ထို့အပြင် ခရီးသည်များနှင့် ဆိုင်ကယ်များအား ဝါးလုံးဖြင့်လျှိုထမ်း၍ ပို့ဆောင် ပြီး ရေကြီး၊ ရေလျှံမှုကြောင့် ဖြတ်သန်းသွားလာသော ခရီးသည်များ၊ ပြည်သူများနှင့် မော်တော် ယာဉ်များသည် လည်း အန္တရာယ်ပေါင်းများစွာ ကြုံတွေ့နေရပြီး အသက်ဆုံးရှုံးမှုများတွေ လည်း နှစ်စဉ်ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် အေတီတံ တားချောင်း ရေကြီး၊ ရေလျှံခြင်း၏အကြောင်း အရင်းကို သိရှိပါသလား။ သိရှိပါက မည်ကဲ့သို့အစီအမံများ၊ ကြိုတင်ပြင်ဆင်မှုများ၊ ဆောင်ရွက်မှုများ ကို ဆောင်ရွက်ထားပါ သနည်း၊ အေတီချောင်း တံတား ရေကြီး၊ ရေလျှံကာကွယ် တားဆီးရေးအတွက် ရေကျော်တံတားအသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ေ ကြာင့်ဆိုသည်ကို မေးမြန်းပါသည်။