(ခ)သနပ်ပင်မြို့နယ် အပိုင်-အောင်ချမ်းသာ၊ ကျုံပါချောင်းဝ-ကဒွတ်နှင့် အထက်ကျုံပါ-ကျီးပင်စုချောင်းများအား ချောင်း အဖြစ်၊ လမ်းအဖြစ် တူးဖော်ပေးရန်နှင့် ချောင်း/မြောင်း ၂၄ခုအား ပြုပြင် တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

ပဲခူးတိုင်းအရှေ့ခြမ်း ဝေါ၊ သနပ်ပင်နှင့် ကဝမြို့နယ်များရှိ စစ်တောင်းမြစ်အတွင်း စီးဝင်သော ချောင်းကြီးများကို ပြီးခဲ့သော နွေရာသီ တွင် ပြန်လည် တူးဖော်ပေး သည့် အတွက် နှစ်စဉ်နှစ် တိုင်း ရေကြီးရေလျှံမှုဘေးနှင့်ကြုံနေရသော မိမိတို့ မြို့နယ်များသည် ယခုနှစ် မိုးတွင်းကာလရေကြီးခြင်းဘေးမှ လွတ်မြောက် ခဲ့သောကြောင့် ပြည်ထောင်စု အစိုးရကို ဒေသခံပြည်သူများမှ အထူးပင် ကျေးဇူး တင် ဝမ်းမြောက်လျက်ရှိပါကြောင်း၊ ပဲခူးတိုင်းဒေသကြီးသည် စစ်တောင်းမြစ် ဝှမ်းနှင့် ဆက်စပ်လျက်ရှိပြီး မြေသြဇာ ကောင်း၍ မြေ သည် ပြန့်ပြူးညီ ညာနေသောကြောင့် ရေ သွင်း၊ ရေထုတ်စနစ်များကောင်းပြီး ကုန်ထုတ် ဆက် သွယ်ရေးလမ်းများ လည်း ကောင်းမည် ဆိုပါက တိုင်းပြည်အတွက် စိုက်ပျိုးရေး ကဏ္ဍသည် အလွန်အားကိုးနိုင်သော တိုင်းဒေသကြီးတစ်ခု ဖြစ်လာနိုင် ပါကြောင်း၊ ချောင်း၊ မြောင်းများ ဖောက်သည့်အခါတွင် ရေသွင်း၊ ရေထုတ်ရန် အတွက်သာမက ကျေးရွာချင်းဆက် လမ်း၊ ကုန်ထုတ်ဆက်သွယ်ရေး လမ်း၊ မြောင်း၊ ဘောင်၊ လမ်းများအဖြစ် ရည်ရွယ်၍ ဖောက်လုပ်မည်ဆိုပါက  ပညာရေး၊ ကျန်းမာ ရေး၊ ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ကျရေးအတွက်ပါ အလွန်အကျိုးကျေးဇူးများ ဖြစ်နိုင်ပါကြောင်း။ ယခုအချိန်တွင် လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် စစ်တောင်းမြစ်အတွင်း စီး ဝင်နေသော ချောင်းကြီးများကို တူးဖော်ပေးခဲ့ပြီးဖြစ်သော် လည်း ချောင်းသွယ်၊ မြောင်း သွယ်များ တူးဖော်ပေးရန် လိုအပ်လျက်ရှိသေးပါကြောင်း၊ ယင်းချောင်း များကို ဆက်လက်တူးဖော်ပေးမည်ဆိုပါက မိုးတွင်း ကာလ ရေကြီးရေ လျှံခြင်းကို ပိုမိုကာကွယ်နိုင်မည့်အပြင် နွေစပါး၊ သီးထပ်ဧကသောင်းချီ စိုက်ပျိုးလာနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍  အပိုင်-အောင်ချမ်းသာ၊ ကျုံပါ ချောင်းဝ-ကဒွတ်နှင့် အထက်ကျုံပါ-ကျီးပင်စုချောင်းများ အား ချောင်း အဖြစ်၊ လမ်းအဖြစ်တူးဖော်ပေးရန်နှင့် သနပ်ပင်မြို့နယ်အတွင်း လိုအပ်သော ချောင်း/မြောင်း ၂၄ ခုအား ပြုပြင် တူးဖော်ပေးပါရန် မေးမြန်းပါသည်။