(င)-ကျေးလက်ကျန်းမာရေးကွာဟနေမှုအတွက် အနီးကပ်ကြပ်မတ်ဆောင်ရွက်ပေးမည့် မြို့နယ်၊ မြို့နယ်ခွဲနှင့် တိုက်နယ်ဆေးရုံအချို့တွင် မြို့ပြ တစ်ခုနှင့်တစ်ခုကွာဟနေမှုကိုမည်ကဲ့သို့ဆောင် ရွက်ပေးမည်ကိုသိလိုသည်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-21

မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသ တွင် နေထိုင်ကြရာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ကျေးလက်ဒေ သနေပြည်သူများ၏ ကျန်းမားရေးနိမ့်ကျမှုအမြင့်မားဆုံး ရှိနေသည်ကို တွေ့ရှိ ရပါကြောင်း၊ ပြည်နယ်/ တိုင်းဒေသကြီး အသီးသီးရှိ ကျေးလက်နေပြည်သူများ၏  ကျန်းမာရေးစောင့်ရှောက်မှု မဆောင်ရွက်ပေးနိုင်သည်ကို ပြည်သူများက နားလည်သော်လည်း ကျေးလက်နေပြည်သူများ၏ လိုအပ်ချက်များကို အနီးကပ် တာဝန်ယူဆောင်ရွက် ပေးမည့် မြို့နယ်၊ မြို့နယ်ခွဲနှင့် တိုက်နယ်ဆေးရုံများ အချို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသောဆေး ပစ္စည်းကိရိယာများ၊ ဆရာဝန်နှင့်ဝန်ထမ်းများ၊ လက်တွေ့မကျဘဲမပြည့်မစုံ ဖြစ်နေသည် ကို ကျေး လက်နေပြည်သူများ ဝမ်းနည်းစွာခံစားနေရပါကြောင်း၊ မြို့ပြနှင့်ကျေး လက် ကျန်းမာရေးကွာဟမှုနည်းနိုင်သမျှ နည်းအောင်ဆောင်ရွက်သွားရေး လုပ်ငန်း စဉ်များတွင် အဓိကအနီးကပ်ကြပ်မတ်ဦးဆောင်သွားမည့် မြို့နယ်၊ မြို့နယ်ခွဲနှင့် တိုက်နယ် ဆေးရုံများအချို့တွင် ဆေးပစ္စည်းနှင့်ကိရိယာများ၊ ဆရာဝန်များ၊ ဝန်ထမ်းများသည် ဖွဲ့စည်းပုံနှင့်လက်တွေ့ ကွာခြားနေသည်ကို တွေ့ရှိရပါကြောင်း၊ မြို့ပြတစ်ခုနှင့်တစ်ခုသည်လည်း ကွာဟနေသည့် အတွက် ထိုဒေသအတွင်းရှိ နေထိုင်ကြသော ကျေးလက်နေပြည်သူများ၏ ကျန်းမားရေးစောင့်ရှောက်မှုသည်လည်း ပိုမိုအားနည်းနေသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ပြည်နယ်နှင့်တိုင်းဒေသအသီးသီးရှိ မြို့ပြကို အခြေပြု၍ ကျေးလက်ကျန်းမာရေး ကွာဟမှု နည်းပါအောင် အဓိက အနီးကပ်ကြပ်မတ်ဦးဆောင်သွားမည့် မြို့နယ်၊ မြို့နယ်ခွဲနှင့် တိုက်နယ်ဆေးရုံများ အချို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဖွဲ့စည်းချမှတ်ထားသော လုပ်ထုံးလုပ်နည်း၊ လုပ်ငန်းစဉ်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆေးပစ္စည်းကိရိယာများ ဆရာဝန်များ၊ ဝန်ထမ်းများ မြို့ပြတစ်ခုစီတွင် ကွာဟလိုအပ်နေမှုများကို ဦးစွာဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို သိရှိ လိုပါကြောင်းမေးမြန်းပါသည်။