ရွှေသဘာဝဓာတ်ငွေ့ကို Gas အင်ဂျင်စနစ်ဖြင့် ရမ်းဗြဲမြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လျှပ်စစ်ဓာတာ်အားဝန်ကြီးဌာန၏ ဦးဆောင် မှုဖြင့် ရွှေ သဘာဝဓာတ်ငွေ့စီမံကိန်းမှ ပင်မထွက်ရှိသော သဘာဝဓာတ်ငွေ့ကို အသုံးပြုပြီး ရခိုင်ပြည်နယ် ကျောက်ဖြူဒေသသို့ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်နေ့မှ စတင်ပြီး လျှပ်စစ် ဓာတ်အားများကို ၃ မဂ္ဂါဝပ်ဖြင့် ဖြန့်ဖြူးပေး လျက်ရှိကြောင်း၊ ကျောက်ဖြူမြို့အပါအဝင် အနီးအနား ကျေးရွာ ၁၃ ရွာ၊ အိမ်ခြေ ၄၀၀၀ ကျော်ခန့်ကိုလည်း လျှပ်စစ်ဓာတ်အား၊ လျှပ်စစ်ဓာတ်မီးကြိုး သွယ်တန်းကာ မီတာတပ်ဆင်ပြီး လျှပ်စစ် Gas Engine စနစ်နှင့်လည်ပတ်လျက်ရှိကြောင်း၊ အခြားဒေသများသို့ ဖြန့်ဖြူးလျှင် နှစ်လခန့်အချိန်ပေးပြီး လက်ရှိ ၃ မဂ္ဂါဝပ်ထက် မြှင့်ပြီး လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း၊ ရမ်းဗြဲမြို့နယ် သည် ကျောက်ဖြူမြို့နယ်နှင့် ကုန်းလမ်းဆက်စပ်မှုရှိသည့်အပြင် ၈ မိုင်သာ ကွာဝေး၍ ရမ်းဗြဲကျွန်းပေါ်တွင် အတူတကွ ယှဉ်တွဲ နေထိုင်ကြသည့် အပြင် ကျောက်ဖြူခရိုင်အတွင်း အနီးကပ်ဆုံးကျရောက်နေသည် တို့ကြောင့် ရွှေ သဘာဝဓာတ်ငွေ့စီမံကိန်းမှ သဘာဝဓာတ်ငွေ့ကို Gas Energy စနစ်ဖြင့် ရမ်းဗြဲမြို့နယ်သို့ ဓာတ်အားဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် စတင်ပေးနိုင်မည်ကိုလည်းကောင်း၊ မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။