-ရွှေလုပ်ငန်းလုပ်ကိုင်သောကုမ္ပဏီများမှရွှေ အကြွေးကျန်များ ဆက်လက်ရရှိရေးကိုနည်းလမ်း (၄)သွယ်ဖြင့် ဆောင်ရွက်ရာတွင် ဖြေရှင်း၍မ ရနိုင်သောကုမ္ပဏီများဆိုသည်မှာ မည်သို့သော အကြောင်းကြောင့် ဖြစ်သည်ကို သိလိုသည်နှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-21
အဋ္ဌမအကြိမ်မြောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ၈-၁၁-၂၀၁၃ ရက်နေ့တွင် သတ္တုတွင်းဝန်ကြီးဌာန၏ ရှင်းလင်းဖြေချက်အရ ရွှေလုပ်ငန်းလုပ် ကိုင်သော ကုမ္ပဏီများ ရွှေကြွေးကျန်ဆက်လက်ရရှိစေရန် နည်းလမ်း(၄) သွယ်ဖြင့် ဆောင်ရွက်နေသော်လည်း အဆိုပါနည်းလမ်း (၄) သွယ်အနက် နည်းလမ်း ၂ ဖြင့် ဆောင်ရွက်၍မရနိုင်သော ကုမ္ပဏီများမှာ (၃၅) ခုကျန်ရှိသေးသည်ကို ရှင်းလင်းသွားခဲ့ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဖော်ပြပါနည်းလမ်း(၄) သွယ်အနက် နည်းလမ်း ၂ ဖြင့် ဖြေရှင်း၍မရနိုင်သော ကုမ္ပဏီအများစုမှာ မည်သို့သော အကြောင်းတရားများကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်းနှင့် နိုင်ငံတော်အတွက် နစ်နာချက်များ ဖြစ်နိုင်မည်ကိုရှေးရှု၍ ဥပမာအနည်းငယ်ဖြင့် ပြန်လည်ရှင်းလင်းပေးစေ လိုကြောင်း မေးမြန်းပါသည်။