၂၅-၁၀-၂၀၁၁-အမေး ၊ အဖြေ

2020-12-21

ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ မိုးနဲ့မြို့နယ်  နားခံကျေးရွာအုပ်စုသည် စံပြကျေး ရွာဖြစ်ပြီး မိုးနဲ့မြို့နှင့် ၇ မိုင်အကွာ မိုးနဲ-နမ့်စန် ကားလမ်းမကြီး နံဘေးနှင့် ကျိုင်းတောင်းမြို့နယ်သို့ သွားသော လမ်းခွဲ Junction ၌ တည်ရှိပါသည်။ ကျိုင်းတောင်းရေအားလျှပ်စစ်ကြိုးလိုင်းသည် ၎င်း ကျေးရွာအနီး  မိုးနဲ-နမ့်စန် ကားလမ်းအတိုင်း ဖြတ်သန်းသွားပါသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည် ဖော်ဆောင်ရေး သဘာဝ သစ်ပင် အချိန်မီ ထိန်းသိမ်းနိုင်ရေးနှင့် စံပြ ကျေးရွာ လိုအပ်ချက်နှင့်အညီ နားခံကျေးရွာ အုပ်စု၌ လျှပ်စစ်မီးရရှိ‌ရေးအတွက် အစီအစဉ်ကို သိလိုပါသည်