၂၀-၁၀-၂၀၁၁-အမေး ၊ အဖြေ
2020-12-21
အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းရှင်များ ရှင်သန်ရေး ဆိုသည့်မူအတိုင်း ဝမ်းတွင်းမြို့နယ်အတွင်းရှိ ယက္ကန်း လုပ်ငန်းအသေးစား၊ အလတ်စား လုပ်ငန်းရှင်များ ရှင်သန်နိုင်ရေးနှင့် အဆင့်မြှင့်တင်နိုင်ရေးအတွက် (၁) နည်းပညာ (၂ ) ငွေကြေး အရင်း အနှီး၊ (၃) ခေတ်မီ စက်ကိရိယာများ၊ (၄) နိုင်ငံခြား ဈေးကွက်ဝင် အထည်များ ထုတ်လုပ်ရန် ကုန်ကြမ်း ချည်ချောများနှင့် ဆိုးဆေးများ တင်သွင်း ပေးရန် ဆက်သွယ်ဆောင်ရွက်ပေးခြင်း၊ ထွက်ရှိလာသော ကုန်ချောများ ရောင်းချနိုင်မည့် ပြည်ပ ဈေးကွက်များ ရှာဖွေပေးခြင်းနှင့် ဝမ်းတွင်းမြို့နယ် ယက္ကန်း လုပ်ငန်းရှင်များကို နိုင်ငံတော်၏ အစီအစဉ်ဖြင့် နိုင်ငံခြားသို့ လေ့လာရေး စေလွှတ်ခြင်းများကို ဆောင်ရွက်ပေးရန် ရှိ/မရှိ သိလိုပါသည်