၂၀-၁၀-၂၀၁၁-အမေး ၊ အဖြေ
မိုးမိတ်မြို့နယ်၊ ရေတံခွန်ချောင်းမကြီးမှ တစ်ဆင့် ပိန်းချောင်းသို့ လည်းကောင်း၊ ယင်းမာချောင်းသို့ လည်းကောင်း ရေလွှဲဆည် ပြုလုပ်မည်ဆိုပါက ပသင်ကျေးရွာ အုပ်စုနှင့် မကျည်းပင်ကျေးရွာအုပ်စု မှ လယ်မြေဧက ၈၆၃.၆၃ဧက သည် အချိန်မရွေး စိုက်ပျိုးနိုင်ပြီး ကောင်ရာကျေးရွာနှင့် ရွှေသဲ ကျေးရွာများတွင် လည်းကောင်း၊ ကိုးအင်း ဒေသ၊ နန့်ပန်းဒေသတို့တွင်လည်း ခန့်မှန်းခြေ မြေလွတ်မြေရိုင်း ဧရိယာဧက ၃၀၀၀ မှ ၄၀၀၀ အထိ လယ်ယာ မြေပေါ် ထွက်နိုင်မည်ဟု မြင်တွေ့ရပါသည်။ သို့ပါ၍ ရေတံခွန် ချောင်းမကြီးအား ရေလွှဲဆည် ပြုလုပ်ရန် ကျွမ်းကျင် ပညာရှင်များဖြင့် တွက်ချက် ဆောင်ရွက်ပေးနိုင်ပါမည်လား။
ဆောင်ရွက်ပေးနိုင်မည်ဆိုပါက မည်သည့် အခြေအနေ ပြုလုပ် ဆောင်ရွက်ပေးမည်နည်း။ ယင်း ရေတံခွန်ချောင်းမကြီးအား ရေလွှဲဆည်ပြုလုပ်ပေးရန် စီစဉ် ဆောင်ရွက်ပေးနိုင်မည်လား။ ဆောင်ရွက်ပေးမည် ဆိုပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိလိုပါသည်။