(ဂ)-ကျောက်တန်းမြို့နယ်နှင့် ဒလမြို့နယ် ဆက်သွယ်ထားသော တံတားတစ်စင်းတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရန်ကုန်တောင်ပိုင်းခရိုင်၏ အရှေ့ပိုင်းနှင့်အနောက်ပိုင်းကြားတွင် ရန်ကုန်မြစ်တည်ရှိပြီး ၎င်းမြစ်ကြားထဲမှာ တံတားတစ်စင်းတည်ဆောက်ပေးရန်လိုအပ်နေပါကြောင်း၊ ကုန်စည်စီးဆင်းမှုအတွက် ဖွံ့ဖြိုးမှုနောက်ကျ နေသည့် ဒေသခံများ၊ သီလဝါစီးပွားရေးဇုန်ကို အလုပ်ဆင်းလာသည့် ပြည်သူများအတွက် လိုအပ်ချက် ဖြစ်နေပါကြောင်း၊ ဒလနှင့်ရန်ကုန်ကို ဆက်သွယ်ထားသည့်တံတားတစ်စင်း တည်ဆောက်ရန် အတွက် လည်း မကြာခင်က လွှတ်တော်တွင် အတည်ပြုပြီးဖြစ်သော်လည်း သီလဝါစီးပွားရေးဇုန်နှင့် ဒလကို ဆက်သွယ်ပေးမည့် နောက်ထပ်တံတားတစ်စင်းလိုအပ်နေသေးပါကြောင်း၊ အခုလက်ရှိ အချိန်အထိ စက် လှေငယ်လေးများ အသုံးပြုပြီး ကျောင်းသားများ၊ အလုပ်သမားများ ခက်ခက်ခဲခဲသွားလာနေကြရ ပါ ကြောင်း၊ ၎င်းနေရာတွင် တံတားတစ်စင်းဆောက်လိုက်မယ်ဆိုလို့ရှိရင် ကုန်စည်စီးဆင်းမှုများ မြန်ဆန် လာပြီး ဖွံ့ဖြိုးမှုတွေတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာကျသည့် ဆက်သွယ်ရေး လမ်းကြောင်း ဖြစ်ခြင်း၊ ကုန်စည်စီးဆင်းမှုအထောက်အကူဖြစ်နေချိန်၊ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများကို များစွာအထောက်အကူပြုနိုင်သည့်အပြင် ခရီးသွားလုပ်ငန်းအတွက်ပါ များစွာအထောက်အကူဖြစ်လာမည်နိုင်သည့်အတွက် လိုအပ်နေသည့် တံတားတစ်စင်းကို ဆောက်လုပ် ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တည်ဆောက်ပေး၍ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဆိုသည်ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။