(ဃ)-မင်းတုန်းမြို့နယ်တွင်(၂)မိုင်ပတ်ဝန်းကျင်အတွင်း မီးရယူနိုင်ရန် အဆင်သင့်ဖြစ်နေသော ကျေးရွာများအား လျှပ်စစ်မီးပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

 

မင်းတုန်းမြို့နယ် အတွက် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရမှ 66 KV, 11 KV 5 MVA ဓာတ်ခွဲရုံ တစ်ရုံကို ချထားပေးခဲ့ပါကြောင်း၊၄-၁၁- ၂၀၁၅ ရက်နေ့တွင် မင်းတုန်းမြို့ပေါ်ရှိ ရပ်ကွက် လေးခုကို ၂၄ နာရီစတင်၍ မီးလင်းနိုင်ခဲ့ပြီး ကျေးရွာငါးရွာပါ တံတားအုပ်စုမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် လျှပ်စစ်မီးရယူနိုင်ခဲ့ပါကြောင်း၊ ၎င်းနောက်ပိုင်း ဘဏ္ဍာရေးနှစ်များတွင် လျှပ်စစ်မီးရရှိရေးနှင့်ပတ်သက်ပြီး ဘဏ္ဍာငွေရရှိခဲ့ခြင်း မရှိခဲ့ပါကြောင်း၊ ၂၀၁၇ ခုနှစ် ဇွန်လပိုင်းတွင်  NEP စီမံချက်နှင့် နှစ်မိုင်အတွင်းကျေးရွာများ လျှပ်စစ်မီးရရှိတော့မည်ဟု ကြားသိခဲ့ရသော်လည်း ယနေ့အချိန်အထိ ၎င်းကျေးရွာများတွင် လျှပ်စစ်မီးမရရှိသေးပါကြောင်း၊ စောင့်နေရသည့် အချိန်များသာကုန်သွားသော်လည်း စီမံချက်၏တိကျသည့်အဖြေ မသိရလို့ဖြစ်ပါကြောင်း၊  ထို့ကြောင့် တိကျသည့်အဖြေကို သိလိုပါကြောင်း၊ မင်းတုန်းမြို့၏ နှစ်မိုင်အတွင်းရှိသည့် ကျေးရွာများတွင် ဌာန၏စံချိန်စံညွှန်းအတိုင်းဖြစ်သည့် ၄၀၀ ဗို့ဓာတ်အားလိုင်းများနှင့် ABC Cable ကြိုးများ တပ်ဆင်ပြီးဖြစ်သဖြင့် လျှပ်စစ်မီးယူရန် Ready ဖြစ်နေပြီဖြစ်ပါကြောင်း  သို့ဖြစ်ပါ၍ လျှပ်စစ်မီးရယူနိုင်ရန် အဆင်သင့်ဖြစ်နေသည့် မင်းတုန်း မြို့နယ်၏ နှစ်မိုင်အတွင်းရှိကျေးရွာများအား လျှပ်စစ်မီးရရှိရေးအတွက် အမြန်ဆုံးဆောင်ရွက်ပေးနိုင် ပါရန် အစီအစဉ်ရှိ/မရှိကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။