(ခ)-ညောင်ရွှေမြို့နယ်၊အင်းလင်းဒေသတွင်း ရေ ယာဉ်များနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ဦးဝင်းဆွေ (ညောင်ရွှေ)ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသ၊ အင်းလေးကန်အတွင်း တွင် နိုင်ငံခြား ကမ္ဘာလှည့်ခရီးသွားများ ပေါများလာခြင်း၊ ဒေသထွက် သီးနှံများ တင် ပို့ ရောင်းချခြင်း၊ ဈေးသွားဈေးပြန် သွားရေးလာရေးအတွက် စက်တပ်မော်တော် ယာဉ် များကို တီထွင်အသုံးပြုလျက်ရှိကြပါကြောင်း၊ ဈေးများတွင် လာရောက်သော မော်တော် ယာဉ် များကို ရေယာဉ်များကို ဌာနဆိုင်ရာများက တစ်နှစ် တစ်ကြိမ် လုပ်ငန်းသုံး၊ အိမ်သုံးရေယာဉ် ရေယာဉ်မှတ်ပုံတင်ကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ ဒေ သ အတွင်း နေပြည်သူအချို့သည် လိုင်စင်ပြုလုပ်ထားခြင်းမရှိဘဲ အချို့နှစ်စဉ် အခွန်ဆောင် နေရခြင်းများရှိနေပါကြောင်း၊ ထိုကြောင့် ဒေသ အတွင်းရှိ ရေယာဉ် ပိုင်ရှင်များအားလုံး နစ်နာမှု မရှိအောင် နှစ်နှစ်တန်သည်၊ သုံးနှစ်တန် သည် ရေယာဉ်သက်တမ်းတိုးမြှင့်ပေးခြင်း၊ ရေယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သတ်မှတ်ပေးခြင်း၊ လမ်းညွှန် ဆိုင်းဘုတ်များတပ်ဆင်ပေးခြင်း၊ ဥပဒေများ ညီညွတ်စွာ ထုတ် ပြန်ပေးခြင်း တို့ကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။