(က)-လောင်းကစားမှုများ ပပျောက် နိုင်စေရေးအတွက် မည်သို့မည်ပုံ ထိထိရောက်ရောက် ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-22

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ တန်ဆောင်တိုင်မီးပုံးပျံပွဲ ကျင်းပပြီးသည့်နောက်ပိုင်း ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအပါအဝင် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ချဲထီ၊နှစ်လုံး၊ တစ်လုံးအပါအဝင် လောင်းကစားမှုများ ပြန်လည်ဦးမော့လာနေကြောင်း ကြားသိရပါတယ်။ လောင်းကစားမှုများ ပြန်လည် ဦးမော့လာခြင်းကြောင့် နိုင်ငံတော်ျမှ ဆောင်ရွက်လျက်ရှိသော ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိခိုက်မှာကိုလည်း ပြည်သူ့ကိုယ်စားလှယ်တစ်ဦးအနေဖြင့် စိုးရိမ်နေမိ ပါတယ်။ အထူးသဖြင့် နိုင်ငံတော်မှ ထုတ်ပေးထားသော ချေးငွေများ ပြန်လည်မပေးဆပ်နိုင်ကြမှာ ကိုလည်း တွေးမိတိုင်းရင်လေးနေရပါတယ်။ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်တောင်ပိုင်း အပါအဝင် လောင်းကစားမှုများ ပပျောက်နိုင်စေရေးအတွက် နိုင်ငံတော်မှ မည်သို့မည်ပုံထိထိရောက်ရောက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ ယခုလက်ရှိဆောင်ရွက်နေသည် ဆိုပါကလည်း ဥပဒေစိုးမိုးမှုမရှိ သဖြင့် ယခုထက်ပိုမိုထိရောက်သည့်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။