(က)-တမူးမြို့နယ်နှင့် ဆက်သွယ်ထားသည့် အောင်ဇေယျလမ်းအား ၁၂ ရာသီသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-21
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်ဟာခရီးသွားလာရေးအတွက် ရေကြောင်းလမ်းကိုသာ ပြည်သူအများစုသုံးစွဲနေရပြီး တိုင်းမြို့တော်ကိုနေ့ချင်းရောက်ရှိနိုင်သော နွေမိုးဆောင်းသွားလာနိုင်တဲ့ ခရိုင်ချင်းဆက်ကားလမ်းတစ်လမ်းမှ မရှိသေးပါ။ သို့ပါ၍ တမူးခရိုင် တမူးမြို့နှင့် ဆက်သွယ်ထားသည့် အောင်ဇေယျလမ်းအား ဆယ့်နှစ်ရာသီသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ် ဖောက်လုပ်ပေးရန် မြို့နယ်ပြည်သူလူထုမှ တောင့်တလိုလားလျက် ရှိကြပါတယ်။ အလားတူယင်းလမ်းမှ Microwave ဆက်ကြောင်းလည်း တည်ဆောက်ရန် အစီအစဉ်ရှိကြောင်း သိရှိရပါတယ်။ ဒါ့ကြောင့်မို့လို့ ဒေသခံ ပြည်သူများရဲ့ ကိုယ်စား အောက်ပါမေးခွန်းများအား မေးမြန်းအပ်ပါတယ်။ အောင်ဇေယျလမ်းကို အမြန်ဆုံးဖောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေး နိုင်မည်ဖြစ်ကြောင်း သိရှိလိုကြောင်း မေးမြန်းရခြင်းဖြစ်ပါတယ်။