(ဃ)-အောင်ပန်း-ပင်လောင်း-လွိုင်ကော် ပြည်ထောင်စုကားလမ်းမပေါ်ရှိ မိုင်တိုင်အမှတ် ၄၁/၀ မှ ၄၁/၃ နှင့် မိုင်တိုင်အမှတ် ၄၀/၇ မှ ၅၀/၂ ရှိ ကားလမ်းမကို ယာဉ်အန္တရာယ်နှင့် ခရီးသွားလုပ်သားပြည်သူ အန္တရာယ်ကင်းဝေးစေရေး ချဲ့ထွင်ပေးရန် အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွ
ကျွန်တော်ကတော့ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်သောင်း ဖြစ်ပါတယ်။ ကျွန်တော်နှင့်တကွ မဲဆန္ဒရှင်များ သိလိုတဲ့အကြောင်းကတော့ အောင်ပန်း-ပင်လောင်း-လွိုင်ကော် ပြည်ထောင်စုကားလမ်းမပေါ်မှာရှိတဲ့ ယာဉ်အန္တရာယ် မကြာခဏ ဖြစ်ပွားလျက်ရှိတဲ့ နေရာ နှစ်ခု ရှိပါတယ်။ ပင်လောင်းမြို့ မြောက်ဘက်အဝင် ကုံးနီတောင်နှင့် ပင်လောင်းမြို့ တောင်ဘက် ၆ မိုင် အကွာ လက်ဖက်တောင်ဒေသဖြစ်ပါတယ်။ ၎င်းနေရာ နှစ်ခုမှာ တောင်အတက်များပြီး အတက်လည်း ကြမ်းတဲ့အပြင် လမ်းလည်းကျဉ်းနေပါတယ်။ အကွေ့အကောက်များလည်း ဖြစ်နေပါတယ်။ နေ့စဉ် မကြာခဏယာဉ်များ တိမ်းမှောက်ခြင်း၊ နောက်ပြန်လှိမ့်ခြင်း၊ လမ်းမအလယ်တွင် မရုန်းနိုင်၍ ယာဉ်များ ရပ်တန့်ခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့ခြင်း နေ့စဉ်လစဉ် မကြာခဏဖြစ်ပွားလျက်ရှိပါတယ်။ ခရီးသွားလုပ်သားပြည်သူများအနေဖြင့်လည်း အန္တရာယ်များ ရှိနေတဲ့အတွက် အောက်ပါမေးခွန်းများ ကို မေးမြန်းရခြင်းပဲ ဖြစ်ပါတယ်။
လေးစားအပ်သော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား။ အောင်ပန်း-ပင်လောင်း-လွိုင်ကော် ပြည်ထောင်စုကားလမ်းမပေါ်မှာရှိတဲ့ ပင်လောင်းမြို့အဝင် ကုံးနီတောင်ထိပ် မိုင်တိုင်အမှတ် ၄၁/၀ မှ ၄၁/၃ နှင့် ဝါလီရွာနှင့် ပင်ကာလရွာအကြားရှိ လက်ဖက်တောင် မိုင်တိုင်အမှတ် ၄၀ ဖော်ပြထားပေမယ့်လည်း ၄၉/၇ မှ ၅၀/၂ ကားလမ်းကို ယာဉ် အန္တရာယ်နှင့် ခရီးသွားလုပ်သားပြည်သူများ အန္တရာယ်ကင်းဝေးစေရန် လမ်းမကြီးများအား ချဲ့ထွင်ပေး ရန်အစီအစဉ်ရှိ၊ မရှိ သိလိုကြောင်း မေးမြန်းရခြင်းဖြစ်ပါတယ်။