(စ)-ချင်းပြည်နယ်၊ မင်းတပ်မြို့ အမှတ်(၁)အြခေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရေး အတွက် ရန်ပုံငွေခွဲဝေခွင့်ပြုရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-21
ကျွန်တော်မေးလိုတဲ့ မေးခွန်းကတော့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အမှတ်(၁)အြခေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဆောက်လုပ် နိုင်ရေးအတွက် ရန်ပုံငွေခွဲဝေခွင့်ပြုပေးရန် အစီအစဉ်ရှိ၊ မရှိနှင့်စပ်လျဉ်းတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ လေးစားအပ်ပါသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျား။ ချင်းပြည်နယ်၊ မင်းတပ်မြို့ အမှတ်(၁) အြခေခံပညာ မူလတန်းလွန်ကျောင်းမှာ အခုလက်ရှိ မူလတန်းအဆင့် ၃၆၃ ဦး၊ အလယ်တန်း အဆင့်ကျောင်းသူကျောင်းသား ၁၉၂ ဦး၊ စုစုပေါင်းကျောင်းသူ ကျောင်းသား ၅၅၅ ဦး ရှိကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်ခင်ဗျား။ ကျောင်းဆောင်နှင့် ကျောင်းသားအားမမျှနိုင်လျှင် ကျောင်းဆောင် ဟောင်းမှာလည်း ကျောင်း၏ဥပဓိရုပ်ညီညွတ်မှုမရှိတာကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပါတယ်။ ပြည်ထောင် စုအစိုးရကနေပြီးတော့ ကျောင်းဆောင်သစ်ဆောက်လုပ်ပေးနိုင်ရေးအတွက် လိုအပ်တဲ့ရန်ပုံငွေ ခွင့်ပြုပေးနိုင်ရန် သက်ဆိုင်ရာကို ၂၀၁၁ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်စွဲနှင့် တင်ပြတောင်းခံ ထားပြီးလည်း ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရမှ ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရေးအတွက် ရန်ပုံငွေခွဲဝေ ခွင့်ပြုပေးရန် အစီအစဉ်ရှိ၊ မရှိနှင့် အကယ်၍ အစီအစဉ်မရှိသေးပါက လာမည့် ဘဏ္ဍာရေး နှစ်အတွင်းမှာ ဦးစားပေးပြီးတော့ ဆောင်ရွက်ပေးပါရန် ပြည်သူလူထုကိုယ်စား ဥက္ကဋ္ဌကြီးမှ တစ်ဆင့် လေးစားစွာ တင်ပြမေးမြန်းအပ်ပါတယ်ခင်ဗျား။