(ဃ)-စုံစမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့် အဖွဲ့ဝင်များကို ကန့်ကွက်ခဲ့သည့် ယင်းကန့်ကွက်ချက်အပေါ် ဥပဒေရေးရာ ကော်မရှင် အနေဖြင့် မည်သို့သုံးသပ်ရရှိကြောင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
2020-12-21
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၃ ရက် သတင်းထုတ်ပြန်ချက် (၂/၂၀၁၂) တွင် ပြည်သူ့လွှတ်တော်ကစုံစမ်းရေးအဖွဲ့ဖွဲ့စည်းရာမှာ စွပ်စွဲ ပြစ်တင်ရန်လက်မှတ်ရေးထိုးခဲ့သော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၀၁ ဦးတို့အနက်မှ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်လည်းကောင်း ဆောင်ရွက်ခြင်းမပြုနိုင်ကြောင်းနှင့် ပြည်သူ့ လွှတ်တော်မှ ဖွဲ့စည်းထားတဲ့ စုံးစမ်းစစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆွေနှင့်အဖွဲ့ဝင်များကို ကန့်ကွက် ခဲ့သည်ဟု ၄-၉-၂၀၁၂ ရက်နေ့ထုတ်သတင်းစာများတွင် ကျွန်တော်ဖတ်ရှုတွေ့ရှိခဲ့ရပါတယ်။ လေးစား အပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ ယင်းကန့်ကွက်ချက်အပေါ် ပြည်သူ့လွှတ်တော် ဥပဒေရေးရာ ကော်မရှင်အနေဖြင့် မည်သို့သုံးသပ်ရရှိကြောင်းကိုသိရှိလိုပါ၍ မေးမြန်းပါသည်။