(စ)-မောက်မယ် မြို့နယ်ထွက် ဂေါ်ဒန်ကျောက်များ၏ အသုံးဝင်ပုံ၊ အသုံးပြုပုံ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

မောက်မယ်မြို့နယ်၏ အရှေ့တောင်ဘက်တွင် ဂေါ်ဒန်ကျောက်၊ စကျင်ကျောက်နှင့် မြေစေးဖြူများ ထွက်ရှိပြီး ယနေ့ထိ တူးဖော်လုပ်ကိုင်လျက်ရှိပါသည်။ စကျင်ကျောက်များကို အလှဆင်ရုပ်ထုများ ထုလုပ်ပြီး ဂေါ်ဒန်ကျောက်များကို စက်မှုဝန်ကြီးဌာနနှင့် ပုဂ္ဂလိကများမှ လာရောက်ဝယ်ယူလျက် ရှိပါသည်။ ယခုအခါ ကုမ္ပဏီများမှ လုပ်ပိုင်ခွင့်များ လာရောက်လျှောက်ထားကြပြီး  တူးဖော်လုပ်ကိုင် နေကြသည်ကို တွေ့ရှိနေရပါသည်။ မောက်မယ်မြို့နယ်မှ ထွက်ရှိသော ဂေါ်ဒန်ကျောက်၊ စကျင်ကျောက် နှင့် မြေစေးဖြူတို့ကိုအခြေခံ၍ ကုန်ထုတ်စက်ရုံများတည်ထောင်ခြင်း၊ လုပ်ကိုင်ခွင့်ပေးခြင်းတို့ဖြင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေပြီး ဒေသဖွံ့ဖြိုးရေးကိုလည်း များစွာအထောက်အကူ ပြုပေးနိုင်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မောက်မယ်မြို့နယ်မှ ထွက်ရှိသော တွင်းထွက်ပစ္စည်းများနှင့်စပ်လျဉ်း၍ အောက်ပါမေးခွန်းနှစ်ရပ်ကို မေးမြန်းလိုပါသည်။ မေးခွန်း (၁) စက်မှုဝန်ကြီးဌာနမှ ဝယ်ယူလျက်ရှိသော မောက်မယ်မြို့နယ်ထွက် ဂေါ်ဒန်ကျောက်များ၏ အသုံးဝင်ပုံ၊ အသုံးပြုပုံ နှင့် တွင်းထွက်အဆင့်အတန်းတို့ကို သိရှိလိုပါသည်။ မေးခွန်း (၂) မောက်မယ်မြို့နယ်မှ ထွက်ရှိသော တွင်းထွက်ကုန်ကြမ်းများကို အခြေခံ၍ နိုင်ငံတော်မှ ကုန်ထုတ်စက်ရုံကြီးများ လာရောက် တည်ထောင်ပြီး ရင်းနှီးမြှုပ်နှံရန် အစီအစဉ် ရှိ၊ မရှိတို့ကို သိရှိလိုသည့်အတွက် မေးမြန်းပါသည်။