(င)-ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ရန် အမျိုးသားလွှတ်တော်က မဲဆန္ဒသုံးပုံနှစ်ပုံကျော်ဖြင့် ဆုံးဖြတ်ပြီးဖြစ်၍ စုံစမ်းရေးအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေနှင့် စပ်လျဉ်းသည့် မေးခွန်း
(င)-ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စွပ်စွဲပြစ်တင်ရန် အမျိုးသား လွှတ်တော်က မဲဆန္ဒသုံးပုံနှစ်ပုံကျော်ဖြင့် ဆုံးဖြတ်ပြီးဖြစ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား စုံစမ်းရေးအဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေနှင့် စပ်လျဉ်းသည့် မေးခွန်း
ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့အားစွပ်စွဲပြစ်တင်ရန် အမျိုးသားလွှတ်တော် ကနေပြီးတော့မှ ဆန္ဒမဲသုံးပုံနှစ်ပုံဖြင့်ဆုံးဖြတ်ပြီး အခြေခံဥပဒေပုဒ်မ ၃၀၂ နှင့်အညီ ပြည်သူ့လွှတ်တော်ကို ပေးပို့ လာခဲ့ပါတယ်။ ပြည်သူ့လွှတ်တော်အနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၇၁၊ ပုဒ်မ ၃၀၂ နှင့်အညီ ပြည်သူ့လွှတ်တော်ကနေပြီးတော့ စုံစမ်းစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းစစ်ဆေးဆောင်ရွက်တယ် ဆိုတာ သိနေရပါတယ်။ သို့ဖြစ်ပါ၍ စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့ လုပ်ငန်းဆောင်ရွက်မှုအွခေအနေကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များသိရှိနိုင်ရန်အတွက် ဖြေကြားပေးနိုင်ရန် လေးစားစွာ မေးမြန်း အပ်ပါတယ်ခင်ဗျား။ အားလုံးကို ကျေးဇူးတင်ပါတယ်။