(ခ)-မြန်မာနိုင်ငံရှိမြို့တော်များနှင့် မြို့ကြီးများတွင် ယာဉ်တိုက်မှု၊ ဒဏ်ရာရမှု၊ သေဆုံးမှုများ များပြား လာသည်ကိုကာကွယ်သောအားဖြင့် မည်သို့အစီအမံများဆောင်ရွက်ထားွခင်းရှိ၊ မရှိနှင့်စပ်လျဉ်းသည်‌့ မေးခွန်း

2020-12-21

 

မြန်မာနိုင်ငံမှာ ရှိတဲ့မြို့တော်များနှင့် မြို့ကြီးများမှာ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များ အထူးတိုးတက်များပြား လာနေတာကိုအားလုံးအသိပဲ ဖြစ်ပါတယ်။ ဒီလိုတိုးတက်များပြားလာတာတွေနှင့်အမျှ ယာဉ်မတော် တဆထိခိုက်မှု(Accident)မှုတွေဟာ တစ်နေ့တစ်ခြား များပြားလာပြီး ဒဏ်ရာအနာတရ ရရှိမှုနှင့် သေဆုံးမှုဟာလည်းပဲ တစ်နေ့တစ်ခြားပို၍ များပြားလာကြောင်းလည်း တွေ့ရှိရပါတယ်။ ဒါကြောင်‌့ ၎င်းဆိုးကျိုးများကို ကာကွယ်သောအားဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ မည်သို့သောအစီအမံများ ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။