(က)-လူမှုရေးအသင်းများအား လုပ်ငန်းသုံးယာဉ်များကို အခွန်ကင်းလွတ်တင်သွင်းခွင့်ပေးရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

၂၃-၄-၂၀၁၂ နေ့ကတည်းက  မေးမြန်းထားတဲ့မေးခွန်း ဖြစ်ပါတယ်ခင်ဗျား။ ယခုအခါမှာ မြန်မာနိုင်ငံတစ်ဝန်းမှာ လူမှုကူညီရေးအသင်းများ ပေါ်ပေါက်လာပြီးတော့ ပြည်သူလူထုရဲ့ နာရေးကိစ္စများကို ယာဉ်ကားများနဲ့ ကူညီဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးနှင့်ထိခိုက်မှုများရှိလို့ရှိရင် ယာဉ်ကားများနှင့် ကူညီဆောင်ရွက် ပေးခြင်းများ ရှိပါတယ်။ ဒီလိုကူညီဆောင်ရွက်ပေးတဲ့အတွက်ကြောင့်လည်း ပြည်သူလူထုက အားကိုး အားထား ပြုနေရတာရှိပါတယ်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ရှိတဲ့ လူမှုရေးအသင်းများအား အသင်းရဲ့လုပ်ငန်းအကြီးအသေး၊ အဆင့်မီလုပ်ငန်းသုံး နာရေးယာဉ်၊ လူနာတင်ယာဉ်များကို အခွန် ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။