(ဃ)-တက္ကသိုလ်၊ ကောလိပ်များတွင် ဆေးရုံဆေးခန်းထားရှိရေး၊ ဆရာဝန်ဆရာမများထားရှိရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုမြှင့်တင်ရေးအစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-21

 

မြန်မာနိုင်ငံ၏ပညာရေးကို ပြည်တွင်းပြည်ပပူးပေါင်း၍ ပညာရေးအဆင့်မြှင့်တင်ရေး ဆောင်ရွက်နေပါတယ်။ ရန်ကုန်၊ မန္တလေး တက္ကသိုလ်များတွင် Cenral of Excellent (COE) အကောင်အထည်ဖော် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ပညာရေးမြှင့်တင်မှုများဆိုင်ရာ ဆွေးနွေးပွဲများပြုလုြပ်ခင်း၊ Information Technology University  ဖွင့်လှစ်ရန်စီစဉ်ခြင်း၊ သင်ထောက်ကူပစ္စည်းနှင့် သင်ကြားသူအပါအဝင် ၂၀၁၃ ခုနှစ်တွင် စတင် ဖွင့်လှစ်နိုင်ရေးစီစဉ်နေကြောင်း Asia Foundation နှင့်ဆွေးနွေးကြကြောင်း၊ တက္ကသိုလ်များ တွင် လိုအပ်သော စာအုပ်စာတမ်းများ Online Library စနစ်များပြုလုပ်ရန်စီစဉ်နေကြောင်း စသဖြင့် သိရှိရပါတယ်။ အချုပ်အားွဖင့် ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေးနှင့် သင်ကြားရေးတိုးတက် အောင်မြင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်ခင်ဗျား။ ထို့အတူ ကျောင်းကျန်းမာရေးအနေဖြင့် တက္ကသိုလ်ဆေးရုံ(ရန်ကုန်)ကဲ့သို့ တက္ကသိုလ်၊ ကောလိပ်များတွင် ကျန်းမာ‌ရေးမြှင့်တြင်ခင်း ကို ကျြယ်ပန်စွာ ဆောင်ရွက်နိုင်ရေးပြုလုပ်သင့်ပါတယ်။ ဥပမာ-နည်းပညာတက္ကသိုလ်(ပုသိမ်)မှာ ဆေးရုံဆေးခန်း ဆရာဝန်၊ ဆရာမ မရှိလို ကျောင်းသားကျောင်းသူများ မိဘပြည်သူများပူးပေါင်းပြီး ကိုယ့်အားကိုယ်ကိုး စီစဉ်ဆောင်ရွက်နေရပါတယ်။ သို့ပါသောကြောင့် (၁)ဆေးရုံဆေးခန်း၊ ဆရာဝန် ဆရာမများမရှိသော တက္ကသိုလ်၊ ကောလိပ်များတွင် ဆေးရုံဆေးခန်းထားရှိရေးနှင့် ဆရာဝန်ဆရာမများ ခန့်ထားရေးအစီအစဉ်များ ရှိ၊ မရှိ သိလို၍မေးွမန်ရခြင်း။ (၂) တက္ကသိုလ်ဆေးရုံ ရန်ကုန်တက္ကသိုလ်၊ ဆေးရုံဆေးခန်းရှိသော တက္ကသိုလ်၊ ကောလိပ်များတွင် ကျန်းမာရေးစောင့်ရှောက်မှုမြှင့်တင်ရေး အစီအစဉ်များရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။