(ခ)-ကျန်းမာရေးစောင့်ရှောက်မှုမရနိုင်သော ကျေးရွာနေပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရန် နိုင်ငံတော်မှမည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးထားွခင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိသည်ဟု ပြည်ထဲရေး စာရင်းအရသိရှိရပါတယ်။ ထိုကျေးရွာများထဲတွင် ကျန်းမာရေးစောင့်ရှောက်မှုလုံးဝမရရှိနိုင်သော ဆရာဝန်၊ သူနာပြု၊ သားဖွား၊ ကျောက်ထိုးဆရာနှင့် အရန်သားဖွားဆရာမ၊ ကျန်းမာရေးလုပ်သားများ ပင်မရောက်နိုင်ရှိသော ကျေးရွာများရှိနေသည်ကိုသိရှိရပါတယ်။ ဥပမာ ကျွန်တော်တို့ ကျောက်တံခါး မြို့နယ်မှာ ကျေးရွာပေါင်း ၃၂၃ ရွာရှိပါတယ်။ ထိုအထဲတွင် ၁၃၇ ရွာမှာ ကျန်းမာရေးစောင့်ရှောက် မှုလုံးဝမရရှိပါ။ ထိုကဲ့သို့သောရွာများတွင် ကျန်းမာရေးအသိပညာနည်းပါးခြင်း၊ ကာကွယ်ဆေးထိုး လုပ်ငန်းများ ပြည့်ဝစွာမဆောင်ရွက်ပေးနိုင်ခြင်းတို့ကြောင့် မိခင်သေနှုန်း၊ ကလေးသေနှုန်း မြင့်တက်နေခြင်း၊ ကြိုတင်ကာကွယ်နိုင်သောရောဂါများ၊ ကူးစက်ရောဂါများနှင့် အခြားရောဂါဆိုး များကို အခြားရွာများထက်ပိုမိုရရှိနိုင်ပါတယ်။ ထို့ကြောင့် ထိုကဲ့သို့သော ကျေးရွာနေပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက်မှုရရှိနိုင်ရန် နိုင်ငံတော်မှ မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးထားသည် ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။