(စ)-မဘိမ်းမြို့နယ် ၂၅ ကုတင်ဆံ့ ဆေးရုံအကြီးစားပြင်ဆင်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-21
မဘိမ်းမြို့နယ်တွင် ၂၅ ခုတင်ဆံ့ ဆေးရုံဟာ တည်ဆောက်ထားတာ နှစ် ၅၀ခန့် ရှိပါပြီ။ အပေါ်အမိုးပိုင်းများ ပျက်စီးနေပါသဖြင့် ပျက်စီးနေသော အမိုးပိုင်းများကို အကြီးစားပြင်ဆင်ပေးမှု အစီအစဉ်ရှိ၊ မရှိ သိလိုပါတယ်ခင်ဗျား။ ရှိပါကမည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။