(ဃ)မြေလွတ်၊ မြေလပ်၊ မြေရိုင်းဖော်ထုတ်ရေး စီမံချက် နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-21
ဦးပိုင် မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဖော်ထုတ်ရေး စီမံချက်ကြောင့် ဒေသခံတောင်သူ လယ်သမားများအား အကျိုးဖြစ်ထွန်းမှုမရှိစေဘဲ ဝန်ထုပ်ဝန်ပိုး ဖြစ်နေသည်ကို သိပါသလား။ တချို့စီမံချက်ကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို ထိခိုက်နစ်နာမှု ရှိလိမ့်မည်ဟု သိပါသလား၊၊ မသိသေးလျှင် အခြေအနေမှန်ကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ် ဖွဲ့စည်းစုံစမ်းစေပြီး၊ ၎င်းစီမံချက်ကို ပြန်လည် စိစစ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။