(ဃ)လာဘ်ပေးလာဘ်ယူအကျင့်ဆိုးများ လျော့နည်းပပျောက်ရေး နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-21

လာဘ်ပေးလာဘ်ယူ အကျင့် ဆိုးများရှိနေသည့် ကိစ္စရပ်ကို တိုင်းရင်းသားပြည်သူအပေါင်းလုံးဝ မနှစ်သက်ကြပါ။ ထိုကိစ္စ ဆိုးဆိုး ရွားရွားဖြစ်ပေါ်နေရခြင်းမှာ နိုင်ငံ့ဝန်ထမ်းများ အနေဖြင့် ရရှိသည့်လစာနှင့် မိသားစုအသုံးစရိတ် မဖူလုံမမျှတခြင်းတို့လည်း အကြောင်းရင်းတစ်ရပ်ဖြစ်ကြောင်းတွေ့ရပါတယ်။ ဒါကြောင့် နိုင်ငံတော် အစိုးရသစ်က ဝန်ထမ်းများကို လစာတိုးပေးပြီး၊ နောက်နောင် ထိုအကျင့်ဆိုးများ လျော့နည်းပပျောက် သွားစေရန် ပြည်သူတို့နှင့်အတူ မည်သို့မည်ပုံဆောင်ရွက်သွားမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။