(က)-ယာယီသက်သေခံလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ရေး နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်ပြည်သူ ၉၀ ရာခိုင်နှုန်းခန့်မှာ ယာယီသက်သေခံလက်မှတ် အဖြူရောင်ကတ်များကို ကိုင်ဆောင် ထားပြီး ပညာရေး၊ ခရီးသွားလာရေး၊ စီးပွားရေးကိစ္စများတွင် အခက်အခဲ များစွာရှိနေ၍ ပြည်သူများ အတွက်ရော၊ နိုင်ငံတော်အတွက်ပါ များစွာနစ်နာဆုံးရှုံးရပါသည်။ ထို့အတူ ရခိုင်ပြည်နယ်ရှိ အခြား မြို့နယ်များတွင်လည်း အလားတူ နစ်နာမှုများရှိပါသည်။ သို့ဖြစ်ပါ၍ မောင်တောခရိုင်နှင့် အခြား မြို့နယ်များရှိပြည်သူများအား ယာယီသက်သေခံလက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားကို      သက်ဆိုင်ရာမှ မည်သည့်နေ့မှစ၍ လဲလှယ်ပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။