(က)-ရှမ်းပြည်နယ်မှ ဆေးကျောင်းသားများသည် နီးစပ်ရာ မန္တလေးဆေးတက္ကသိုလ်၌ မတက်ရဘဲ ဇုန်အလိုက် သတ်မှတ် ထားသည့် တက္ကသိုလ်ကောလိပ်များတွင် ပညာသင်ကြားရသည့် ကန့်သတ်ချက်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ရှမ်းပြည်နယ်မှ ကျောင်းသားများဟာ နီးစပ်ရာ မန္တလေးဆေးတက္ကသိုလ်၌ မတက် ရဘဲ ပိုမို ခရီးဝေးတဲ့ မကွေးဆေးတက္ကသိုလ်သို့ သွားရောက်သင်ကြားရခြင်း၊ ရှမ်းပြည်နယ်မှ စီးပွားရေး တက္ကသိုလ်ကျောင်းသားများဟာ မုံရွာစီးပွားရေးတက္ကသိုလ်သို့  သွားရောက်သင်ကြားရခြင်း  စသဖြင့် ဇုန်အလိုက်   သတ်မှတ်ထားတဲ့    တက္ကသိုလ် ၊    ကောလိပ်များတွင်သာ     သွားရောက် သင်ကြားရတဲ့

ကန့်သတ်ချက်ကြောင့်လည်းကောင်း၊  ရှေးယခင်ကကဲ့သို့ပညာရေးနှင့်  ကျန်းမာရေးဝန်ကြီးဌာနများမှ  စီစဉ်ပေးတဲ့နေထိုင်စားသောက်စရိတ် သက်သာစွာဖြင့် ပညာသင်ခွင့်ရတဲ့ တက္ကသိုလ် ကျောင်းသား အဆောင်များ  မရှိတော့သဖြင့်  နေထိုင် စားသောက်စရိတ်နဲ့  ခရီးစရိတ် ဝန်ပိမှုကြောင့် လည်းကောင်း၊

အခြေခံလူတန်းစားများရဲ့ သား၊ သမီးများ အဆင့်မြင့်ပညာ ဆက်လက်သင်ကြားနိုင်ရေးမှာ အခက်အခဲ များစွာကြုံတွေ့ရသဖြင့် ပညာရေးအဟောသိကံဖြစ်မှု များစွာရှိနေကာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးမှာလည်း အားနည်းနေတာကို တွေ့ရှိရပါတယ်။ ဒါကြောင့် အနာဂတ်အစိုးရက လူ့စွမ်းအားအရင်းအမြစ် တိုးမြှင့်ဖော်ထုတ်နိုင်ရေးအတွက် အထက်ပါအားနည်းချက်များကို မည်သို့ စီမံ၊ဖြေရှင်း၊ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။