(ခ)-လက်ကိုင်ဖုန်း နှင့်စပ်လျဉ်းသည့် မေးခွန်း
မျက်မှောက်ကာလမှာ နိုင်ငံတော်ဘက်စုံ၊ ကဏ္ဍစုံ၊ တိုးတက်ဖွံ့ဖြိုးရေးအတွက် မိုဘိုင်း တယ်လီဖုန်းဆက်သွယ်ရေးဟာ အလွန်အရေးပါတာကို တွေ့ရှိရပါတယ်။ ကျွန်တော်တို့ရဲ့အိမ်နီးချင်း နိုင်ငံများမှာ နိုင်ငံသားတိုင်း မိုဘိုင်းဖုန်းဆင်းကတ်များကို အဖိုးနှုန်းချိုသာစွာနဲ့ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးနေတာကို တွေ့ရှိရပါတယ်။ လက်ရှိအချိန်
လေ့လာတွေ့ရှိချက်အရဆိုရင် မိုဘိုင်းဖုန်း ဆင်းကတ်တစ်ခုရဲ့တန်ဖိုးဟာ တရုတ်နိုင်ငံမှာ တရုတ်ငွေ (၆၀) ယွမ် ၊ မြန်မာငွေကျပ် (၈၀၀၀)ခန့် ၊ လာအိုနိုင်ငံမှာ (၂၀၀၀၀)ကစ်ပ် ၊ မြန်မာငွေအားဖြင့် (၂၄၀၀)ကျပ်ခန့်၊ ထိုင်းနိုင်ငံမှာ (၄၉) ဘတ်၊ မြန်မာငွေ အားဖြင့် (၁၄၃၀) ကျပ်ခန့်၊ အိန္ဒိယနိုင်ငံမှာ
(၅)ရူပီ၊ မြန်မာငွေအားဖြင့် (၁၀၅)ကျပ်ခန့်သာ ကျသင့်ကြောင်း တွေ့ရှိရပါတယ်။ သို့ဖြစ်ပါ၍ အိမ်နီးချင်းနိုင်ငံများမှာ မြန်မာငွေကျပ်(၁၀၀၀၀)အောက် သာကျသင့်တဲ့ လက်ကိုင်ဖုန်းစနစ်များဟာ မြန်မာနိုင်ငံမှာ အဘယ်ကြောင့် ကျပ်(၅၀၀၀၀၀) ကျသင့် နေသည်ကို သိရှိလိုပါတယ်ခင်ဗျာ။ တစ်ဆက်တစ်စပ်တည်း မေးမြန်းလိုသည်မှာ မြန်မာနိုင်ငံမှာ တန်ဖိုးနည်း မိုဘိုင်းတယ်လီဖုန်း စနစ်ကိုမည်သည့်ကာလမှာ မည်ကဲ့သို့ ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။