(င)-မြန်မာ့စက်မှုဖွံ့ဖြိုးရေးအက်ဥပဒေ ပြုစုပြဋ္ဌာန်းရန် အစီအစဉ်ရှိ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံ တော်တော်များများမှာ ပြည်တွင်းစက်မှု လုပ်ငန်းရှင်များကို အခွန်ကင်းလွတ်ခွင့်၊လျော့ပေါ့မှုစတဲ့ အခွင့်အရေးများကို ပေးပြီးတော့ အခွင့်အရေးများကို နည်းဥပဒေဖြင့်ပြဋ္ဌာန်းပြီး ဆောင်ရွက်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။ ပြည်တွင်း စက်မှုလုပ်ငန်းရှင် များဟာထုတ်လုပ်တဲ့ ကုန်ပစ္စည်းများ၊ ဈေးကွက်ယှဉ်ပြိုင်မှုမှာ နိုင်ငံခြား စက်မှုလုပ်ငန်း ရှင်ကြီးများလောက် နည်းပညာ၊ အတွေ့အကြုံ၊ အရင်းအနှီး မရှိတဲ့အတွက်ကြောင့် အချို့ လုပ်ငန်းသည် ဈေးကွက်ယှဉ်ပြိုင်ရာမှာ အခက်အခဲရှိပါတယ်။ ဒီလိုအခါမှာ နိုင်ငံတော်အနေနဲ့ Protectionism Act လို့ခေါ်တဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဥပဒေဖြင့် နိုင်ငံခြားမှ သွင်းကုန်အချို့ ကိုအခွန်အကောက်တိုးမြှင့်ကောက်ခံခြင်းအားဖြင့်လည်းကောင်း၊ ကန့်သတ်မှုဖြင့် တင်သွင်းစေခြင်း အားဖြင့်လည်းကောင်း၊ ပြည်တွင်းထုတ်လုပ်သူများဘက်က အသာစီးရအောင်လုပ်ပြီး ပြည်တွင်းစက်မှု လက်မှုကဏ္ဍပိုမိုတိုးတက်လာစေတဲ့သာဓကကိုလည်း တွေ့ရပါတယ်။ဒါကြောင့်မို့ မြန်မာနိုင်ငံမှာလည်း ဒီလို ဥပဒေမျိုးပြဋ္ဌာန်းလုပ်ဆောင်ဖို့ အစီအစဉ် ရှိပါသလားလို့ မေးမြန်းပါသည်။