(ဂ)-မန္တလေး-ဗန်းမော် မော်တော် ကားလမ်းကို ပြုပြင်မွမ်းမံထိန်းသိမ်းပေးခြင်းနှင့် အဆင့်မြှင့်တင် ပေးခြင်း နှင့်စပ်လျဉ်းသည့် မေးခွန်း
ယခုအချိန်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းလုံး တွင် လမ်းပန်းဆက်သွယ်ရေး အခန်းကဏ္ဍ၌ ယခင်ကာလများနှင့်မတူ ချောမွေ့သွားလာနိုင်အောင် စီစဉ် ဆောင်ရွက်ပေးသွား သည့်အတွက် အများပြည်သူများ၏ စီးပွားရေး ၊ လူမှုရေး၊ ကျန်းမာရေး ၊ ပညာရေးစသည့် ကိစ္စအ၀၀တွင် အဆင်ပြေမှု ၊ တိုးတက်မှုများရှိ၍ အများပြည်သူများဟာ နိုင်ငံတော် အစိုးရ ကို ကျေးဇူးတင်မဆုံး ရှိနေခဲ့ရပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်း ဒေသကြီး အကြားမှာ လည်းပဲ မန္တလေး-ဗန်းမော် ကားလမ်းမကြီးကို ဖောက်လုပ်ပေးခဲ့သည့်အတွက် ကျွန်တော် တို့ မံစီမြို့နယ်အပါအဝင် ပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူများရဲ့ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်လာပြီး နိုင်ငံတော်ကို ကျေးဇူးတင်မဆုံးဖြစ်ကြရသည့်အပြင် မန္တလေး-ဗန်းမော် ကားလမ်း မကြီးဟာ ဖောက်လုပ်စဉ်ကာလက ကောင်းမွန်ခဲ့သော်လည်း ယခုအချိန်မှာ နေရာတော်တော် များများဟာ ပျက်စီးယိုယွင်းလျက်ရှိတဲ့အတွက်ကြောင့်မို့လို့ ခရီးသွားပြည်သူများ အတိဒုက္ခရောက်ကြ ပါတယ်။ ဒါကြောင့်မို့ မန္တလေး-ဗန်းမော်ကားလမ်းမကြီးကို အများပြည်သူများ ပြန်လည်ချောမွေ့စွာ သွားလာ နိုင်ရေးအတွက် ပြုပြင်မွမ်းမံပေးခြင်းနှင့် အဆင့်မြှင့်တင်ပေးခြင်း လုပ်ငန်းများကို မည်သို့ မည်ပုံ ဆက်လက်ဆောင်ရွက်သွားမှာကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။