(ခ)-ကင်းတားရေလှောင်တမံမှ ရွာငံမြို့ပေါ်သို့ ဖြန့်ဝေပေးထားသည့် လျှပ်စစ်ဓာတ်အားလိုင်း အား တိုးချဲ့ဖြန့်ဖြူးပေးရန် အစီအစဉ် နှင့်စပ်လျဉ်းသည့် မေးခွန်း
2020-12-21
ကင်းတားရေလှောင်တမံ၏ အဓိကရေဝေရေလဲဒေသ ဟာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနယ်မြေ ရွာငံမြို့နယ်ဖြစ်ပါတယ်။ ကင်းတားရေလှောင်တမံမှ ရွာငံမြို့ပေါ်သို့ ဖြန့်ဝေပေးထားတဲ့ လက်ရှိ လျှပ်စစ်ဓာတ်အားလိုင်းကို ရေဝေရေလဲဒေသ ထိန်းသိမ်း စောင့်ရှောက်ရာမှာလည်းကောင်း၊ စီမံခန့်ခွဲရာမှာလည်းကောင်း ပိုမိုထိရောက်အောင်မြင် နိုင်စေရေး အတွက် တိုးချဲ့ဖြန့်ဖြူးပေးဖို့ အစီအစဉ် ရှိပါသလား။ မရှိပါက ရေဝေရေလဲဒေသကို အခြားနည်းလမ်း များဖြင့် မည်သို့မည်ပုံ ဆောင်ရွက် ပေးနိုင်မယ်ဆိုတာကို သိလိုပါကြောင်း မေးမြန်းပါသည်။