(စ)-ပြည်မြို့နှင့် ဓနုဖြူမြို့ကြား ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မော်တော်များ ရေလမ်းကြောင်းပိတ်၍ မြစ်ကျောက်များထုတ်လုပ်နေမှုကို မည်ကဲ့သို့ အရေးယူဆောင်ရွက်နေသည်ကို သိရှိလိုသည်နှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-21

 

ပြည်မြို့နှင်‌့ဓနုဖြူမြို့အကြားမှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ကျောက်ထုတ်ယူနေတဲ့ လုပ်ငန်း ရှင်များဟာ မိမိတို့ရဲ့ ကျောက်စုပ်ရေယာဉ်များကို ရေကြောင်းပိတ်၍ လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နေကြသဖြင့် တခြားရေယာဉ်များသွားလာရာတွင် အခက်အခဲများရှိနေကြောင်း သိရှိရ ပါတယ်။ ၎င်းအပြင် မြစ်ကျောက်များစုပ်ယူရာ၌ ပါလာသောသဲများကို မြစ်ထဲသို့ပြန်လည်သွန်ချခဲ့ သဖြင့် သဲပုံများဖြစ်ပေါ်လာပြီး ၎င်းသဲပုံများအပေါ် ဖြတ်မောင်းမိသော တွဲရေယာဉ်များမှ ကုန်တွဲနှင့် စက်ရေယာဉ်တွဲချီထားသော ကြိုးများပြတ်တောက်လေ့ရှိသဖြင့် ရေယာဉ်လုပ်သားများအတွက် အန္တရာယ်များရှိနေကြောင်း သိရှိရပါတယ်။ သို့ပါ၍ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မြစ်ကျောက် ထုတ်လုပ်သည့် မော်တော်များရေလမ်းကြောင်းပိတ်၍ လုပ်ငန်းများဆောင်ရွက်နေသည်ကို သိရှိပါ သလား။ သိရှိပါက အခြားရေယာဉ်များ အန္တရာယ်ကင်းရှင်းစွာသွားလာနိုင်ရေးအတွက် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်နေသည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။