(က)-ရွှေလီရေအားလျှပ်စစ်စက်ရုံ(၁) သို့မဟုတ် ဆည်တော်ကြီးရေအားလျှပ်စစ်စက်ရုံမှ လျှပ်စစ်ဓာတ်အား သွယ်တန်းဖြန့်ဖြူးထုတ်လုပ်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-21
မဘိမ်းမြို့နယ်အတွင်း ရွှေလီရေအားလျှပ်စစ်စက်ရုံမှ ထုတ်လုပ်သော မဟာဓာတ်အားလိုင်းသည် တကောင်းတောင်သို့ သွယ်တန်းထားပြီးဖြစ်သဖြင့် မဘိမ်း မြို့နယ်အတွင်း ကျေးရွာများကို ဖြန့်ဖြူးပေးနိုင်ဖို့ အစီအစဉ်များရှိပါသလား။ သို့တည်းမဟုတ် ဆည်တော်ကြီးရေအားလျှပ်စစ်စက်ရုံမှ မိုးကုတ်သို့ မဟာဓာတ်အားလိုင်းဖြင့် ပို့လွှတ်သော ဓာတ်အားကို မိုးမိတ်သို့လည်းကောင်း၊ မိုးမိတ်မှ မဘိမ်းသို့လည်းကောင်း၊ တစ်ဆင့်ဆီ သွယ်တန်း ဖြန့်ဖြူးထုတ်လုပ်ပေးမည့် အစီအစဉ်များရှိပါသလား။ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေး မည်ကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါသည်။