(စ)-တက္ကသိုလ်များတွင် အဆင့်မီသော ဘော်ဒါဆောင်များ ဆောက်လုပ်ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-21

ယခုအခါမှာ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များမှာ ကျောင်းသား ကျောင်းသူများအတွက် ပြင်ပမှာ အဆောင်များ ငှားရမ်းနေထိုင်ရတဲ့ အတွက်ကြောင့် မိဘများမှာ ကျောင်းသား ကျောင်းသူများရဲ့ လူမှုဘဝ လုံခြုံရေး မရှိဘူးလို့ ခံစားနေရပါတယ်။ ပြင်ပအဆောင်တွေမှာ ကျောင်းသား ကျောင်းသူများအား စည်းကမ်း ထိန်းသိမ်းမှု အားနည်းခြင်းကြောင့် ကျောင်းသား ကျောင်းသူများအတွက် လူမှုရေး အန္တရာယ်၊ မူယစ်ဆေး အန္တရာယ ် ရှိသဖြင့် မိဘများ စိတ်ပူတာကြောင့် မဲဆန္ဒရှင်မိဘပြည်သူများမှ တင်ပြလာပါသဖြင့် နောက်ပိုင်းတွင် တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်များတွင် ကျောင်းသား ကျောင်းသူများအတွက် စည်းကမ်းတကျ အဆင့် မီသော ဘော်ဒါဆောင်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုပါကြောင်း မေးမြန်းအပ်ပါသည်။