(က)-Custom Duty ပေးဆောင်၍ တာချီလိတ်၊ ကျိုင်းတုံ၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန်သို့ တစ်ဖက်နိုင်ငံမှ ကုန်ပစ္စည်းများသယ်ယူပို့ဆောင်ရောင်းဝယ်ရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-21

 

ယနေ့ နိုင်ငံတော်ရဲ့ စီးပွားရေး အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်မှုရှိစေရန်နှင့် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ဈေးကွက်စီးပွားရေး စနစ်သို့ ကူးပြောင်းကျင့်သုံးဆောင်ရွက်လာကြပြီဖြစ်ပါတယ်။ ပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ကုန်သည်ကြီးများမှသိရှိလိုက်နာကြခြင်းဖြင့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးကို များစွာ အထောက်အကူပြုစေမှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ နယ်စပ်ဒေသကုန်သွယ်ရေးလုပ်ငန်းများအတွက် ပို့ကုန်သွင်းကုန်ဆိုင်ရာကိစ္စရပ်များကိုဆောင်ရွက်ရာတွင် ချောမွေ့လွယ်ကူမြန်ဆန်စေရန် ရည်ရွယ်၍ ဒေသခံရောင်းဝယ်ခရီးသွားကုန်သည်များ၏ သဘောဆန္ဒအရ အောက်ပါမေးခွန်းတစ်ရပ်ကို မေးမြန်း လိုပါတယ်ခင်ဗျား။ တစ်ဖက်နိုင်ငံမှ ကုန်ပစ္စည်းများကို တာချီလိတ်၊ ကျိုင်းတုံ၊ တောင်ကြီး၊ မန္တလေး၊ ရန်ကုန်စသည့်မြို့များသို့ သယ်ယူပို့ဆောင်ရောင်းဝယ်ရန်အတွက်ကျသင့်သော Custom Duty ပေးဆောင်ထားသော စာရင်းစာရွက်စာတမ်းများကိုင်ဆောင်၍ တာချီလိတ်မှ ကျိုင်းတုံသို့ လည်းကောင်း၊ ကျိုင်းတုံမှ တောင်ကြီးသို့လည်းကောင်း၊ တောင်ကြီးမှ မန္တလေးသို့လည်းကောင်း၊ တောင်ကြီးမှ ရန်ကုန်သို့လည်းကောင်း လမ်းခရီးချောမွေ့စွာ သယ်ယူပို့ဆောင်ရောင်းဝယ်ရန်အတွက် မည်သို့ဆောင်ရွက်ရမည်ကိုသိလိုပါကြောင်း မေးမြန်းပါသည်။