(စ)-ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခု ဖွင့်လှစ်ပေးရန်နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-21

နောင်ချိုမြို့နယ်၊ ဉာဏ်တောကျေးရွာအုပ်စုဟာ နောင်ချိုမြို့နဲ့ ကိုးမိုင်ခန့်ကွာဝေးပါတယ်။ ၎င်းအုပ်စုမှာ နောင်ချိုကြီးကျေးရွာ၊ ဖာသွန်းကျေးရွာ၊ နောင်လင်ကျေးရွာ များပါရှိပါတယ်။ အိမ်ခြေ ၅၇၀၊ အိမ်ထောင်စုပေါင်း ၆၇၁၊ လူဦးရေ ၃၅၉၇ ဦးရှိပါတယ်။ ဉာဏ်တောကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးမယ်ဆိုရင် နီးစပ်ရာကျေးရွာအုပ်စု များအတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု ခံယူနိုင်မှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကျေးလက်ဖွံ့ဖြိုး ရေးလုပ်ငန်းမှာ အထောက်အကူပြုမယ့် ဉာဏ်တောကျေးရွာအတွက် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ။ ဖွင့်လှစ်ပေးမည်ဆိုပါက မည်သည်‌့အချိန်ကာလတွင် ဖွင့်လှစ်ပေးမည် ဆိုတာကို သိရှိလိုသည့်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။