(ခ)-နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၁)တွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် မသန်စွမ်းအခန်း ကဏ္ဍမြင့်မားရေးတို့နှင့်စပ်လျဉ်းသည်‌့မေးခွန်း

2020-12-21

 

အဆိုပါလုပ်ငန်းစဉ်မှာ မသန်စွမ်းသူများ၏ အခွင့်အရေး တန်းတူညီမျှရေးနှင့် ဘဝအရည်အသွေးမြင့်မားရေးအတွက် မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်လျက် ရှိတာကိုတွေ့ရပါတယ်။ လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား။ သို့ဖြစ်ပါ၍ အဆိုပါပုဒ်မ ၃၂ မှာပါ ရှိတဲ့ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် (၁) မူဝါဒမည်‌ကဲ့သို့ ချမှတ် ဆောင်ရွက်လျက်ရှိသည်ကိုလည်းကောင်း၊ (၂) မသန်စွမ်းသူများအခန်းကဏ္ဍ မြင်‌့မားရေးအတွက် မည်ကဲ့သို့တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်ကိုလည်းကောင်း၊ (၃) မသန်စွမ်း ကလေးငယ်များ ပညာ သင်ကြားရေးအတွက် မည်ကဲ့သို့ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်ကိုလည်းကောင်း၊ (၄) မသန်စွမ်း ကလေးငယ်များပညာသင်ကြားရန်အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။