(က) ဦးအောင်စိန်၊ မာန်အောင် မဲဆန္ဒနယ်၏ စီးပွားဖြစ် နွားမွေးမြူရေးဇုန် အဖြစ် သတ်မှတ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မာန်အောင်မြို့နယ်တွင် စီးပွား ဖြစ် နွားမွေးမြူရေးဇုန်အဖြစ်စီစဉ်သတ်မှတ်ပေးရေးအတွက် ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်၊ မာန်အောင် မြို့နယ်ဟာ ဆန်စပါး၊ အုန်းသီး၊ ကွမ်းသီးနှင့် ငပိ၊ ငါးခြောက်တို့ အဓိကထားထွက်ရှိပြီးတော့ နွားထီး၊ နွားမ တွေလည်းပေါများပါတယ်။ ထွားလည်းထွားကျိုင်းပါတယ်။ နွားစားကျက်များလည်း အပြည့် အစုံရှိပါတယ်။ လောလောဆယ် မာန်အောင်မြို့နယ်အတွင်း နွားထီး၊ နွားမ ကောင်ရေ ၂၅၅၇၀ ရှိပါ တယ်။ ခိုင်းနွားအားလုံး ၁၁၉၅၀ ရှိပါတယ်။ အဲဒါကြောင့်မို့လို့ ပိုနေတဲ့နွားကောင်ရေဟာ ၁၁၉၅၀ မှာ မျိုးပွားနေတဲ့နွားမ ၃၇၆၀ ကို နုတ်လိုက်ရင် အားလုံးဟာ ပိုနေတဲ့နွားဟာ ၁၀၀၀၀ ကျော်ဖြစ်ပါတယ်။ မာန်အောင်မြို့နယ်ဟာ ဘင်္ဂလားပင်လယ်အော်ထဲက ကျွန်းဆွယ်တစ်ခုဖြစ်ပြီးတော့ ရေလမ်းတစ်ခု တည်းကိုသာ အားကိုးပြီးတော့သွားလာနေရတဲ့ ဝေးလံခေါင်သီတဲ့ဒေသမှာ ပါဝင်တဲ့ မြို့နယ်ဖြစ်ပါ တယ်။ အထက်ပါပိုလျှံနေသော နွားထီး၊ နွားမကောင်ရေ ၁၀၀၀၀ ကျော်ကို ရောင်းချနိုင်ရေးအတွက် နွားဈေးကွက်တစ်ခုကို သက်ဆိုင်ရာဝန်ကြီးဌာနမှ ဖွင့်လှစ်ပေးဖို့အတွက် တင်ပြထားပါတယ်။ အခု ၎င်းတင်ပြချက်နှင့်ပတ်သက်ပြီးတော့ အခုလဆန်း ၁ ရက်နေ့က 7Day News မှာ သမ္မတကြီးကနေပြီး တော့ မာန်အောင်မြို့နယ်က နွားတွေကို အားလုံးတာဝန်ယူပြီးတော့ ရောင်းချပေးမယ်ဆိုတာကို မွေးမြူရေးနှင့်ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က ပြောကြားသွားပါတယ်။ သမ္မတကြီးကပြောတာတော့ မင်းတို့များများရရင် ခိုးမသွားနဲ့။ ငါတည်းဖို့ရှာပေးမယ်။ ဒါ ကျွန်တော် မီဒီယာတွေလည်းသိအောင်ပြောတာ။ တိရစ္ဆာန်တွေလည်းတည်းဖို့အတွက် နိုင်ငံခြားအထိသွား ပတ်စ်ပို့မလိုဘူး။ ရအောင်စီစဉ်ပေးမယ်ဆိုပြီးတော့ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က သမ္မတကြီးရဲ့ ပြောဆိုချက်တွေကို တင်ပြသွားတာ 7 Day News စာမျက်နှာ ၃ မှာ ပါတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ မာန်အောင်ကျွန်းမှာ တင်ပြချက်အရ မာန်အောင်မြို့မှာ စီးပွားဖြစ် နွားမွေးမြူရေးဇုန်ကို အမြဲတမ်းဖြစ်နိုင်ရေးအတွက် ပို့ဆောင်ရောင်းချနိုင်ဖို့အတွက်ပါ ဆောင်ရွက်ပေးရန်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။